Friday, November 29, 2013

မြဝတီမြို့မှာ ပေါက်ကွဲမှုတခုဖြစ် တရားခံ၊ ဒဏ်ရာရသူ ပျောက်ဆုံး နေ့သစ် ၊ နိုဝင်ဘာလ ၂၉ ၊ ဒေါန ၊ မြဝတီမြို့

မြ၀တီမြို့ ဟေမာန်ဦးဘုန်းကြီး ကျောင်းနောက်နားမှာ ဒီကနေ့ မနက် ၄ နာရီကျော်လောက်က ဗုံးဟုယူဆရသော ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရနိုင်တဲ့ အထောက်အထားတွေ တွေ့ရှိရကာ ပေါက်ကွဲမှု တရားခံနဲ့ ဒဏ်ရာရသူများ ပျောက်ဆုံးနေတယ်လို့ မြို့ခံတဦးအား ဆက်သွယ်မေးမြန်းခံရာမှ သိရှိခဲ့ရပါတယ်။

အမျိုးသားတဦးနဲ အမျိုးသမီးတဦး တည်းခိုနေတဲ့ ဟေမာန်ဦး ဘုန်းကြီးကျောင် အနောက်တည့်တည့် အိမ်တလုံးမှ ဒီမနက် ဝေလီဝေလင်းအချိန် ၄ နာရီကျော်လောက်မှာ ဗုံးကွဲသံကြားရတယ်။ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီအိမ်က အမျိုးသားရော အမျိုးသမီးပါ ပျောက်ဆုံးသွားပါတယ်၊ ဖြစ်စဉ်ရဲ့ ပတ်ဝန်းကျင်မှာ သွေးပေနေတဲ့ နေရာတွေ တွေ့ရတယ်။ ပျောက်သွားတဲ့ အမျိုးသမီးနဲ့ အမျိုးသားဟာ ဒဏ်ရာရပြီး ထွက်ပြေးသွားတာ ဖြစ်မယ်လို့ ယူဆရကြောင်း အနီးပတ်ဝန်းကျင်မှ မြို့ခံတဦးကို ဆက်သွယ်မေးမြန်ရာမှ သိရှိရပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ မြဝတီမြို့က တာဝန်ရှိတဲ့ အာဏာပိုင် အသိုင်းအဝိုင်းကတော့ ပေါက်ကွဲမှုကို ဗုံးပေါက်တာလို့ အတည်မပြုနိုင်ဘူး၊ သူများတွေ ပြောသံတော့ကြားတယ်၊ ဗုံးပေါက်ကွဲမှု မဟုတ်ဘူးလို့ ပြောဆို သုံးသပ်နေကြကြောင်း သိရှိရပါတယ်။

No comments:

Post a Comment