Monday, November 18, 2013

သရုပ်ဆောင် တြီဂို (၃၃နှစ်)၏ နောက်ဆုံးခရီး မိတ်ဆွေနှင့် မိသားစုများ လိုက်ပါနှုတ်ဆက်

မြန်မာသရုပ်ဆောင် တြီဂိုဟာ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ရာကနေ အသက် ၃၃နှစ်အရွယ်မှာပဲ ရန်ကုန်မြို့ SSC ဆေးရုံပေါ်မှာ နိုဝင်ဘာ ၁၃ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ဝါရင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နွဲ့နွဲ့စန်းရဲ့သား သရုပ်ဆောင် တြီဂိုဟာ ဆေးရုံပေါ်မှာ သီတင်း၃ ပတ်ကျော်ကြာ တက်ရောက်ကုသခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်တဲ့ တြီဂိုရဲ့ ဈာပနကို ရေဝေး သုဿန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။

တြီဂိုရဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရောင်းရင်းတွေ၊ မိတ်ဆွေတွေ၊ မိဘဆွေမျိုးတွေ ၁ဝဝကျော် သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

Kamayut Media

No comments:

Post a Comment