Tuesday, November 26, 2013

ဆီးဂိမ်းတွင် မြန်မာ့ဂေါ်လီပစ် ကစားနည်း ထည့်သွင်းကျင်းပမည် နေပြည်တော်၊ နိုဝင်ဘာ ၂၆။

လာမည့် ဒီဇင်ဘာလတွင် မြန်မာအိမရှင်အဖြစ်လက်ခံကျင်းပသည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ဂေါ်လီပစ် ကစားနည်းနှင့် ဆင်တူသော ပီတန်းကစားနည်းကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း
မြန်မာပီတန်း အသင်းမှ တဝန်ခံ ဦးနေမျိုးလွင်က ပြောကြားသည်။

“ဒီကစာနည်းက ဂေါ်လီ ပစ်ကစားခြင်းနဲ့တူတယ်။ ဂေါ်လီပစ်
ကစားရတာကတော့ လွယ်တယ်။ ပီတန်းအားကစားနည်း က
နဲနဲခက်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ သတ္တုနဲ့လုပ်ထားတဲ့ ဘောလုံးဖြစ်နေလို့ ပြီးတော့ ပစ်တဲ့သူကလဲ သတ်မှတ်ထားတဲ့ စက်ဝိုင်းထဲက ပစ်ရတာ အရေးကြီးတာက ကစားသမားတွေ စိတ်ငြိမ် ဖို့လိုတယ်”ပာု ၎င်းက ဆိုသည်။
“ပီတန်း အားကစားနည်းက မလွယ်ပါဘူး၊ အဓိကကစိတ်ငြိမ်ဖို့
လိုပါတယ်။ အဲဒီအတွက်လည်အားကစား သမာတွေးကို စိတ်ငြိမ်စေတဲ့ လေ့ကျင့်မှုတွေ အဓိကပြုလုပ်ပေးရတယ်။ ”ပာု ထိုင်းနည်းပြက ပြောကြားသည်။

ပီတန်အားကစားနည်းတွင် တစ်ဦးချင်းနှင့် အသင်းလိုက်
ကစားရသော ပွဲများပါဝင်သည်။ အသင်းလိုက် ကစာနည်းတွင်
နှစ်ယောက်တွဲ၊ လေးယောက်တွဲနှင့် ခြောက်ယောက်တွဲအဖြစ် ခွဲခြားထားသည်။ ၎င်းကစားနည်းတွင် ကစားသူက သက်မှတ်ထားသော စက်ဝိုင်း နေရာတွင် ခြေနှစ်ဘက် စုံရပ်ထား၍ သတ္ထုဘောလုံးကို သစ်သားဖြင့် လုပ်ထားသော သေးငယ်သည့် ဘောလုံးရှိရာသို့ အနီးဆုံး ရောက်ရှိအောင် ပြစ်ကစားရသော ကစားနည်ဖြစ်သသည်။

၎င်းပီတန်းအားကစားနည်သည် ၂၀၀၁ခုနှစ်မှ စ၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်ုံမှန် ထည်သွင်း ကျင်းပနေသော အားကစားနည်းတစ် ရပ်ဖြစ်ပြီး ယင်းကစားနည်ကို လာအို၊ ကမ္ဘောဒီယားနှင့် ထိုင်းနိုင်ငံတို့၌ ရိုးရာအားကစားနည်း တစ်ရပ်အဖြစ်တွင်ကျယ်စွာ ကစားကြသည်။

မြန်မာ့ခေတ်

No comments:

Post a Comment