Monday, November 18, 2013

ပုဇွန်တောင်မြို့နယ်တွင် တရားမ၀င်မော်တော်ယာဉ် (၁)စီးဖမ်းဆီးရမိ ရန်ကုန်၊ နိုဝင်ဘာ ၁၃


၁၃.၁၁.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် ယာဉ်ထိန်းတပ်ဖွဲ့စု (၃၂)မှ တပ်ဖွဲ့ဝင်များသည် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလတံတားအဆင်း အိုးရှင်းမှတ်တိုင်အနီးတွင် ယာဉ်စစ်၊ ယာဉ်ရှင်း၊ ယာဉ်ဖမ်းတာဝန်
ဆောင်ရွက်စဉ် ကျော်ကျော်မင်း (ဘ)ဦးဝင်းနိုင်၊ ယုဇနဥယျာဉ်မြို့တော်၊

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူ မောင်းနှင်လာသော ၄ဂ/၉၉၀၉၊ နံပါတ်တပ်ဆင်ထားသည့် Honda Fit အမျိုးအစား အဖြူရောင်ယာဉ်အား တားဆီးစစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် တရားဝင်စာရွက်စာတမ်း
တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် တရားမ၀င် မော်တော်ယာဉ်နှင့် အတူတွေ့ရှိသည့် ကျော်ကျော်မင်းအား

ပုဇွန်တောင်မြို့မ ရဲစခန်း
(ပ)၂၄၆/၂၀၁၃၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment