Monday, November 18, 2013

ဟုမ္မလင်းမှာ (၁၀၀၀၀)တန် ငွေတုများ ပျံ့နှံ့နေကြောင်း သိရ (ဟာဂျူလီ-ကသာ)


စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်တွင် ငွေစက္ကူ(၁၀၀၀၀)ကျပ်တန် အတုများ ပျံ့နှံ့နေကြောင်း ကိုယ်တိုင်ရရှိခဲ့သူ ရွှေပြည်မြင့်ကျောင်း
ဆရာတော်ဦးအာလောက မှ HJL မီဒီယာသို့ ကြွရောက် မိန့်ကြားခဲ့ပါသည်။
" (၁၀၀၀၀)တန် အတုကို အလှူတစ်ခုမှာ ရခဲ့တာဖြစ်ပါတယ်၊အစစ်နဲ့အတုကို ခွဲခြားလို့ သိနိုင်ပေမယ့် ဒေသခံဆင်းရဲသားအများစုကတော့ သေချာ မစစ်နိုင်ကြပါဘူး၊
သူဌေးတွေကတော့ စစ်နိုင်ချင် စစ်နိုင်မှာ ဖြစ်ပေမယ့် ဆင်းရဲသားအများစုကတော့ အစစ်အတု မခွဲနိုင်ကြပါဘူး၊ဘာဖြစ်လို့လည်းဆိုတော့ သူတို့က
(၁၀၀၀၀)တန် အစစ်ကို ထဲထဲဝင်ဝင် မတွေ့ဘူး မကိုင်ဘူးတော့ ခံကြရရှာတာပေါ့၊" ဟု မိန့်ကြားပြောဆိုခါ ဆရာတော်ကိုယ်တိုင် အလှူတစ်ခုမှ လှူဒါန်းရရှိခဲ့သော (၁၀၀၀၀)တန် ငွေစက္ကူအတုကို
ဓါတ်ပုံရိုက်ထားခဲ့သော ဓါတ်ပုံများကို ပြသ၍ မိန့်ဆိုသွားခဲ့ပါသည်။(ဟာဂျူလီ-ကသာ)

No comments:

Post a Comment