Sunday, November 10, 2013

မြိတ်က တရုတ်သင်္ချိုင်းအရှေ့ ဇရပ်မှာ အသက်မသေသေးတဲ့ လူနာတစ်ဦးကို ဆေးရုံရော၊ အရပ်ကရောလက်မခံလို့ လာပစ်ထားသတဲ့ Zaw Moe Oo

မြိတ်က တရုတ်သင်္ချိုင်းအရှေ့ ဇရပ်မှာ အသက်မသေသေးတဲ့ လူနာတစ်ဦးကို ဆေးရုံရော၊ အရပ်ကရောလက်မခံလို့ လာပစ်ထားသတဲ့ သင်္ချိုင်းနား
နားက ဒေသခံတွေအတွက်ကတော့ ခံပြင်းစရာဖြစ်သလို လူ့ကျင့်ဝတ်အရဆိုရင်လည်း
မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ် တစ်ကယ်လို့သေသွားလို့လာထားပစ်ခဲ့ရင်
လည်းကိစ္စမရှိပါ..ဘိတ်ကနာရေးကူညီမှုအသင်းတွေက အသုဘအတွက်တာဝန်ယူသွား
လိမ့်မယ်..အခုကတော့အသက်မသေသေးတဲ့လူနာတစ်ဦးပါ....

လာပစ်သွားတဲ့အုပ်ချုပ်ရေးမှူးဘက်စဉ်းမယ်ဆိုရင်.ရက်ရှည်လများ ဆွေးမျိုးမရှိတဲ့သူ
တစ်ဦးကိုငွေသိန်းချီကုန်ကျခံပြီး ဆေးရုံမှာကုသပေးထားတယ် နေ့တာဝန်။ ညတာဝန်ကိုခွဲပြီး ဝေယျဝစ္စလုပ်ဖို့လူဌါးပေးထားတယ် ကြာလာတော့ လုပ်ပေးတဲ့သူလည်းမရှိတော့..

အစိုးရဆေးရုံ ဘက်ကကြည့်ရင်လည်း ဒီလိုချေးကျုံးသေးကျုံးလုပ်ပေးမယ့်သူမရှိလို့ရပ်
ကွက်အုပ်ချုပ်ရေးမှူးကိုခေါ်အပ်ပြန်တယ်..ဘယ်ရပ်ကွက်..အုပ်ချုပ်ရေးမှူးဘယ်သူဆို
တာမဖော်ပြတော့ပါဘူး..နောက်ဆုံးမှာ လူနာက ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်း သင်္ချိုင်း
ရှေ့ကဇရပ်မှာ သေဖို့လာစောင့်နေရတဲ့ဘ၀ ရောက်သွားပြီ..ကဲအုပ်ချုပ်ရေးအာဏာ
ပိုင်များကပဲဒီကိစ္စကိုဆက်လက်ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်..ဒီတစ်ကြိမ်တည်းမ
ဟုတ်တော့ဘူးနော်..၃ ကြိမ်ရှိပြီတဲ့..ကဲအခုဘယ်လိုဆောင်ရွက်မလဲဆိုတာစောင့်ကြည့်
နေမယ်.. လောလောဆယ်သတင်းမှာတော့မရေးသေးဘူး..တစ်စုံတစ်ခုဖြစ်သွားပြီဆို
ရင်ဖြင့်..

No comments:

Post a Comment