Wednesday, November 6, 2013

အောင်ဆန်းကွင်းမြက်ခင်းပြင် ပြင်ဆင်ရန် ကျပ်သိန်း ၂၀၀ဝကျော် ကုန်ကျမည် [ ညီမိုဃ်း ၊ ရန်ကုန် ၊ နိုဝင်ဘာ ၄ ]

ဆီးဂိမ်း ပြိုင်ပွဲအပြီးတွင် ပြင်ဆင်မှုများ ပြုလုပ်မည့် အောင်ဆန်းကွင်း မြက်ခင်းပြင် ပြင်ဆင်မှုလုပ်ငန်း အတွက် ကျပ်သိန်း ၂၀၀ဝကျော် ကုန်ကျနိုင်ကြောင်း သိရသည်။မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်သည် လက်ရှိအချိန်တွင် လည်း အောင်ဆန်းကွင်းနှင့်သု ဝဏ္ဏကွင်းတို့အား ဆီးဂိမ်းပြိုင်ပွဲ အတွက် ပြင်ဆင်မှုများပြုလုပ် လျက်ရှိသည်။

မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က ''ကျွန်တော်တို့ ဆီးဂိမ်းပြီးရင် အောင်ဆန်းကွင်းရဲ့ မြက်ခင်း ပြင်ကို ပြင်ဆင်သွားမှာပါ။ အ ခုလဲ ပြင်ဆင်မှုတွေ ပြုလုပ်နေ ပါတယ်။ လောလောဆယ် ကျပ် သိန်း ၁၀၀၀ လောက် အသုံးပြု မယ်ဆိုတာက အသေးစားပြင် ဆင်မှုတွေအတွက်ပါပဲ။ မြက်ခင်း ပြင်ကို ပြင်ဆင်မယ်ဆိုရင်တော့ ကျပ်သိန်း ၂၀၀၀ ကျော်လောက် ကုန်ကျမှာပါ။ သုဝဏ္ဏကွင်း မြက် ခင်းကို ပြင်တုန်းကလဲ ကျပ်သိန်း ၂၀၀၀ ကျော်ကုန်ကျခဲ့ပါတယ်။ အခုပြင်ဆင်တာက အသေးစား ပြင်ဆင်မှုပဲရှိပါသေးတယ်''ဟု ပြောသည်။

ထို့အပြင် သုဝဏ္ဏကွင်း၏ အရှေ့ဘက်တန်းပွဲကြည့်စင်တွင် ဝပ် ၂၀၀ဝရှိသော မီးလုံး ၄၄လုံး အား ထပ်မံတပ်ဆင်သွားမည်ဖြစ် ကြောင်းသိရသည်။ ဘောလုံးအ ဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ''အရှေ့ဘက်တန်းပွဲကြည့်စင် ဘက်မှာ ညပိုင်းဆိုရင် အရိပ်ကျ ပြီး မှောင်နေတတ်ပါတယ်။ ဒါ့ ကြောင့် အဲဒီဘက်မှာပါ မီးအ လင်းရောင်ညီမျှစေဖို့ မီးလုံးတွေ တပ်ဆင်သွားမှာပါ''ဟု အတည်ပြု ပြောကြားသွားခဲ့သည်။
ထို့အပြင် လက်ရှိအချိန်၌ သုဝဏ္ဏကွင်းရှိ အဝတ်စားလဲခန်း များနှင့် တခြားပြင်ဆင်မှုများ အား ပြုလုပ်လျက်ရှိကြောင်း သိ ရသည်။

No comments:

Post a Comment