Monday, November 18, 2013

"ရိုဟင်ဂျာတွေအဖြစ်ဟာ ရင်နင့်စရာလို့ OIC အဖွဲ့ပြော"


ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားကြည့်ခဲ့ရတာ တခါမှ မကြုံဖူးခဲ့တဲ့ ဝမ်းနည်းကြေကွဲမှု ကို ခံစားရပြီး မျက်ရည်ဝဲမိတယ်လို့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှုးချုပ် Mr Ihsannoglu က ပြောသွားကြောင်း ဒီနေ့ အေပီသတင်းတရပ်က ဖော်ပြထားပါတယ်။

သူနဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ စစ်တွေမြို့အနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး လူ ၅ ထောင်လောက်ကို တွေ့ရကြောင်း၊ ဒါပေမဲ့ ဘာသာစကား အခက်အခဲကြောင့် ဘာမှ မေးမြန်း ပြောဆိုနိုင်ခြင်း မရှိကြောင်း၊ သူတို့အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်နေကြပြီး အခုလို OIC အဖွဲ့ လာတာကို ဝမ်းသာနေကြကြောင်း၊ ဒီပြဿနာကို ဖြေရှင်းမယ်လို့ အစိုးရက ပြောကြောင်း၊အခုမဖြေရှင်းဘူးဆိုရင် နောင်အခါ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း Mr Ihsannoglu က ပြောသွားပါတယ်။

အိုအိုင်စီ ကိုယ်စားလှယ်တွေဟာ မနေ့ က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ OIC အဖွဲ့ဟာ မြန်မာနိုင်ငံကပြန်လည်မထွက်ခွါခင် လေဆိပ်ရောက်တဲ့အချိန်ထိ ဆန့်ကျင်ဆန္ဒပြတာတွေ ကြုံခဲ့ရ ပါတယ်။

မနေ့ကလဲ သံဃာ ၆ ပါးပါဝင်တဲ့ လူ ၆၀ လောက်က အိုအိုင်စီထွက်သွား၊ အိုအိုင်စီ ပြည်တွင်းရေး ဝင်မစွက်ဖက်နဲ့ဆိုတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment