Tuesday, November 26, 2013

ဖားကန့်မြို့မှ ပို့လာသော သတင်း

ယနေ့ ၁၂း၀၀ နာရီခန့်တွင် ဖားကန့်ဒေသ၊ နမ့်မော ၊ ကျောက်ကြီးကုန်းမော သို့ ကား ၆ စီးဖြင့် ရောက်ရှိလာပြီး ကျောက်တူးသမားများ၏ အစားအစာကို အ၀ လာစားပြီးနောက် လက်ကျန်များကို ဖျက်ဆီးသွားပေးကြပါသည်။

ကျောက်တူးသမား ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးသွားပြီး မော်တော်ဆိုင်ကယ် အစီး ၅၀ ကျော်ကိုလည်း သိမ်းယူသွားပါသည်။ ကျန်ရှိသော မော်ဆော်ဆိုင်ကယ်များကိုလည်း သုံးစွဲ၍ မရအောင် ဖျက်ဆီးသွားပေးကြပါသည်။

သတင်းကြိုရ၍ အချိန်မီရှောင်တိမ်းနေသူများမှ အပ ထိုမော်တွင် နေထိုင်သော ကျန်ရှိသူများ အားလုံး၏ ပစ္စည်းများကို သယ်ယူသွားခြင်း၊ မနိုင်၍ ကျန်နေသော ပစ္စည်းများကို ဖျက်ဆီးသွားပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မည်သည့် တပ်မှ ဖြစ်ကြောင်းကို မသိရသေးသော်လည်း တပ်သား ၁၀၀ ကျော်နှင့် မြန်မာနိုင်ငံရဲများလည်း ပါဝင်ကြောင်း သိရသည်။ တပ်နှင့် ဦးဆောင်သူ စစ်ကြောင်းမှူးအမည်ကို စုံစမ်းဆဲဖြစ်ကြောင်း သတင်းပို့လာပါသည်။
____________________
Khin Htwe (25-11-2013)

No comments:

Post a Comment