Tuesday, November 19, 2013

ဦးဘဂျမ်းကာတွန်းပွဲတော်၏ နံပတ်(၁)ချိတ် ကာတွန်း NLD မကျေနပ်



ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူနေထိုင်ခဲ့ရာ ရန်ကုန်မြို့ ၁၃လမ်း အောက်လမ်းမှာ တန်ဆောင်တိုင် ကာတွန်းပွဲတော်ကို ကျင်းပပြုလုပ်နေပါတယ်။ အရင် န၀တ-နအဖ လက်ထက်မှာ ၁၀နှစ်တစ်ခုနီးပါး ပိတ်ပင်ထားခဲ့ပြီး အခုအစိုးရ လက်ထက်မှာ ပြန်လည်ကျင်းပခွင့်ပြုခဲ့တာလဲ ဖြစ်ပါတယ်။

ဦးဘဂျမ်းလမ်း ကာတွန်းပွဲတော်မှာ မျက်မှောက်ခေတ် အခြေအနေတွေကို ထင်ဟပ်ထားတဲ့ ကာတွန်းဆရာပေါင်း ၁၀၀ ကျော်ရဲ့ ကာတွန်းလက်ရာ ပြကွက်တွေကို ခင်းကျင်း ပြသထားပါတယ်။

ဒီပြပွဲမှာ ထည့်သွင်းပြသခဲ့တဲ့ ကာတွန်းတွေထဲမှာ လူစိတ်အ၀င်စားဆုံး ကာတွန်းတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သမ္မတနေရာတို့ကို သရော်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်။ ဒီကာတွန်းနဲ့ ပတ်သက်ပြီး NLD ပါတီဝင်အချို့က ဒေသထွက်လျက် ရှိကြောင်း သိရှိရပါတယ်။

Photos: Pyi Sone, DVB TV News
— with AyeChan Zaw.

No comments:

Post a Comment