Friday, November 29, 2013

မိန်းမအားဆေးရုံရောက်စေပြီး ယောကျာ်းအားအချုပ်ရောက်စေခဲ့သော တန်ဖိုးနည်းဖုန်း

နေပြည်တော် ဥတ္တရသီရိမြို့နယ် ချောင်းမကြီးကျေးရွာနေ မမော်မော်ဦး (၂၀)နှစ်သည် နေအိမ်၌ ၎င်း၏ခင်ပွန်းဖြစ်သူ ဇေယျာဝင်း (၂၄)နှစ် ကံလှရပ်ကွက် ပုပ္ဗသီရိမြို့နယ်နေသူမှ ဂျီအက်စ်အမ်ဖုန်းဆင်းကတ်မဲပေါက်ကြောင်း ပြောရာ မမော်မော်ဦးက အဆိုပါဖုန်းဆင်းကတ်အား ရောင်းချပြီးအကြွေးဆပ်ရန်ပြောရာ ခင်ပွန်းဖြစ်သူက ညစ်ညမ်းစွာအော်ဟစ်ဆဲဆိုပြီး တုတ်နှင့်ရိုက်သဖြင့် မမော်မော်ဦးတွင် ယာဘက်မျက်လုံးဖူးရောင်ဒဏ်ရာ တစ်ချက်၊ ဦးခေါင်း နောက်စေ့ဖူးရောင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာ တစ်ချက်ရရှိသဖြင့် နေပြည်တော် ခုတင် (၁၀ဝ၀)ဆေးရုံတွင် ဆေးဝါးကုသခဲ့ရပြီး ခင်ပွန်းဖြစ်သူ ဇေယျာဝင်းအား အရေးယူပေးရန် ဇနီးဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကြေးမုံ

No comments:

Post a Comment