Tuesday, November 26, 2013

ကျပ်သိန်းတစ်ထောင်ဆိုသည်မှာ ပြည်သူ့ချွေးနည်းစာများမှ ရရှိသောအခွန်ငွေ နှင့် သယံဇာတများ ရောင်းချရာမှ ရရှိသော ငွေများ ပါဝင်နေသဖြင့် စာရင်းဇယားများထားရှိ၍ နိုင်ငံတော်အကျိုးဖြစ်ထွန်းမှုကိုသာ ဦးစားပေးကာ စနစ်တကျ အသုံးပြုသွားရန်လိုကြောင်း

ကျပ်သိန်းတစ်ထောင်ဆိုသည်မှာ ပြည်သူ့ချွေးနည်းစာများမှ ရရှိသောအခွန်ငွေ နှင့် သယံဇာတများ ရောင်းချရာမှ ရရှိသော ငွေများ ပါဝင်နေသဖြင့် စာရင်းဇယားများထားရှိ၍ နိုင်ငံတော်အကျိုးဖြစ်ထွန်းမှုကိုသာ ဦးစားပေးကာ စနစ်တကျ အသုံးပြုသွားရန်လိုကြောင်း ဝန်ကြီးဦးကျော်ဆန်း မှပြောကြား

(နေပြည်တော်သတင်း)

ကျပ်သိန်းတစ်ထောင်ဆိုသည်မှာ ပြည်သူ့ချွေးနည်းစာများမှ ရရှိသောအခွန်ငွေ နှင့် သယံဇာတများ ရောင်းချရာမှ ရရှိသော ငွေများ ပါဝင်နေသဖြင့် စာရင်းဇယားများ ထားရှိ၍ နိုင်ငံတော်အကျိုးဖြစ်ထွန်းမှု ကိုသာ ဦးစားပေးကာ စနစ်တကျ အသုံးပြုသွားရန်လိုကြောင်း
ဝန်ကြီးဦးကျော်ဆန်းမှပြောကြားလိုက်သည် ၊

လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များသို့ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် မြို့နယ်တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်နှုန်းဖြင့် သုံးစွဲခွင့် ပြုလိုက်ခြင်း အပေါ်ဝန်ကြီးဦးကျော်ဆန်းမှ ပြောကြားခြင်းဖြစ်သည်ဟု သိရသည် ၊

ပြည်သူလုထုက ရွေးကောက်တင်မြှောက်ထားတဲ့ သူတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီအချိန်မှာ လူမှန်နေရာ မှန် ရောက်လာတဲ့ သူတွေဖြစ်တယ်ဆိုတာ ပြသရမယ့် အချိန်ကောင်းပါပဲ ၊ ပိုက်ဆံကိုင် မသုံးရတဲ့ သူတွေက အခုလို ပိုက်ဆံကိုင်သုံးရတဲ့

နေရာရောက် သွားပေမယ့် အရောင်မပြောင်းသွားဘူး အမူအကျင့်တွေ မပြောင်းသွားဘူး ကျောသားရင်သားမခွဲခြားဘူး ပြည့်တဲ့အိုးထဲအတင်းဖြည့်နေတဲ့သူတွေမဟုတ်ဘူး စတဲ့ အဂတိကင်းတဲ့သူတွေဖြစ်ကြောင်း ပြသနိုင် ရပါမယ်၊ ပြည်သူတွေကလည်းမျက်စေ့ဒေါက်ထောက် စောင့်ကြည့်နေကြမှာပါ လို့လဲ ဦးကျော်ဆန်းက ဆက်လက်ပြောကြားသွားပါတယ် ၊

အရင်တုန်းက လွှတ်တော်ထဲထိုင် မူဝါဒ ပေါ်လစီ နဲ့ ဥပဒေတွေ ဆွေးနွေးနေရတဲ့သူတွေဟာ အခု ပြည်သူတွေကြားထဲ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေကို နှဖူးတွေ့ဒူးတွေ့ ဆောင်ရွက်ရတော့မှာဖြစ်လို့ တချို့နေရာတွေမှာ အပြောလွယ်သလောက်

အလုပ်ခက်တယ်ဆိုတာ တွေ့လာရတော့မှာဖြစ်တယ်လို့လည်း ဦးကျော်ဆန်းက သတိပေးပြောကြားသွားပါတယ် ၊

ငွေကိုင်သုံးပြီးဆိုကတည်းက စာရင်းရှိရမယ်လေ ၊ အသေးစိတ်ကို စာရင်းရှိရမှာ ၊ ခေါင်းစဉ်တပ်တာကောင်းရုံနဲ့ မရဘူး အလုပ်လည်းကောင်းရမယ် ၊ စာရင်းဇယားမှတ်တမ်းမှတ်ရာတွေနဲ့ တိတိကျကျထားရှိရမယ် ၊ ကိုယ်လုပ်တာ မှန်သလား မှားသလား အောင်မြင်သလား မအောင်မြင်ဘူးလား ဆိုတာကို လက်ညှိုးထိုးပြနိုင်ရမယ် ၊ တချို့ဟာတွေက ထိုင်ပြီးဝေဖန်ရတာ လွယ်သလောက် ကိုယ်တိုင် နှဖူးတွေ့ဒူးတွေ့ ထလုပ်ဖူးမှ ခက်ပါလားဆိုတာ သိမှာ ၊ ဒါအင်မတန်ကောင်းတဲ့ အစီအစဉ်ပါ ၊

(နေပြည်တော်မှ ရရှိသော သတင်းဖြစ်သည်)
Hawdeka Khalaylay

No comments:

Post a Comment