Friday, November 1, 2013

"ပုထိုးလုံးချောင်း(ခေါ်) အလောင်းတော်ကဿဖချောင်းအတွင်း ပွင့်လင်းရာသီတွင် ရွှေမျှောတိုက်မှုများ ပေါများလာမည်ကို ဒေသခံတစ်ချို့ စိုးရိမ်နေ"

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် တောင်လက်ဒေသ ရှိ ကျေးရွာများကို ဖြတ်သန်းစီးဆင်းနေလျှက်ရှိသော အလောင်းတော်ကဿဖချောင်း(ခေါ်) ပုထိုးလုံးချောင်း အတွင်းတွင် ယခုလာ
မည့် မိုးကုန်ပွင့်လင်းရာသီတွင် တရားမ၀င်ရွှေမျှောတိုက်မှုများ ယခင်နှစ်များ ကဲ့သို့ များပြားလာမည်ကို စိုးရိမ်နေလျှက်ရှိကြောင်း အဆိုပါချောင်းဘေးနေ
ကျေးရွာဒေသခံများက သလ္လာဝတီတိုင်းမ်ကို ပြောပါတယ်။
" မနှစ်ပိုင်းကတည်း ချောင်းထဲမှာ တရားမ၀င်ရွှေမျှောတိုက်သူတွေ ထုနဲ့ထေး ပေါများခဲ့ပါတယ်။ သူတို့ရွှေမျှောတိုက်တာကအရေးမကြီးဘူး မိုးရာ
သီရောက်လာပြီဆိုရင် သူတို့ရဲ့စည်းကမ်းမဲ့စွန့်ပစ်တဲ့ မျှောစာသဲတွေက ဧရာ မ အိမ်ကြီးလောက်ရှိတဲ့ အပုံကြီးတွေကို ချောင်းရေက တိုက်စားမှုမလုပ်နိုင်
တော့ ချောင်းရေက ဦးတည်ရာကိုစီဆင်းပြီး ချောင်းဘေးကကျေးရွာတွေ လယ်ယာမြေတွေ တိုက်စားတဲ့ဒဏ်ကို ဒေသခံတွေ ရင်ဆည်းပြီးမရှု့မလှခံ စားကြရပါတယ်။
အခုနှစ်မိုးရာသီမှာဆိုရင် မင်းကင်းမြို့နယ်တောင်လက်ဒေသဖြစ်တဲ့ တင်ဘက်ရွာ ၊ ပသေးရွာ ၊ ပွင့်လျှက်ရွာတွေ ဆိုရင် ချောင်းရေတိုက်စား မှုကြောင့် နေအိမ်တွေ ပြောင်ရွေ့ခဲ့ကြရတယ်။ အထက်စသာရွာ မှာဆိုရင် လယ်ယာမြေဧကပေါင်းများစွာကို ချောင်းရေလွှမ်းမိုးပြီး သဲဖို့သွားလို့ ဆုံးရှုံး ကြခဲ့ရတဲ့တောင်သူတွေ အများကြီးရှိနေပါတယ်" လို့ ပွင့်လျှက်ရွာဒေသခံ ရွာသာတစ်ဦး သလ္လာဝတီတိုင်းမ်ကို ပြောကြားခဲ့ပါတယ်။
အဆိုပါ တရားမ၀င်ရွှေမျှောများတိုက်သူများကို မင်းကင်းမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိများ ကို တရားမ၀င်လိုင်းကြေားများပေး၍ ပြုလုပ်ဆောင်ရွက်ကြ ခြင်းဖြစ်ပြီး မျှောပေါင်း(၃၀)ကျော်ရှိတယ်လို့လည်းသိရရှိရပါသည်။
အလောင်းတော်ကဿဖချောင်း(ခေါ်) ပုထိုးလုံးချောင်း သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကနီမြို့နယ်မြို့နယ်အတွင်းရှိကျေးရွာတစ် ချို့ နှင့် ကလေးခရိုင် မင်းကင်းမြို့နယ် တောင်လက်ဒေသရှိကျေးရွာများဖြစ် ကြသည့် ပသေး ၊လင်းလု ၊ ညောင်းကိုင်း ၊ ဖက်ထုပ် ၊အင်းဒေါင်း ၊ ကူလဲ ၊ တောင်အောက် ၊ အထက်စသာ ၊ အောက်စသာ ၊ ပွင့်လျှက် ၊ ထုံးမန်း ၊ လောင်းကျဉ်း ၊ လောင်းတည် အစရှိသော ကျေးရွာပေါင်းမြောက်များစွာ ကို ဖြတ်သန်းစီဆင်းပြီး မင်းကင်းမြို့ အောက်ဘက်ရှိ ပုထိုးလုံးရွာ ချောင်း ပေါက်မှ ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်သည့် ချောင်းမ ကြီးတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

ThanLarWaddy Times

No comments:

Post a Comment