ဈေးဝယ်သွားစဉ် သေဆုံးမှုဖြစ်ပွား ရန်ကုန် အောက်တိုဘာ ၃၁
အောက်တိုဘာ ၂၁ ရက်
ညနေ ၃ နာရီတွင် လှည်းကူးမြို့နယ် ငါးဆူ တောင်အုပ်စုနေ ဦးစိုးနိုင်ဦး(၂၉)
နှစ်သည် နေအိမ်၌ရှိနေစဉ် ဇနီးမချိုနွယ်ဝင်း(၂၃)နှစ်သည်
စက်ဘီးဖြင့်အမှတ်(၁)ကျေးရွာအနီး
ဒေါ်အေး ဈေးဆိုင်သို့ဈေးဝယ် သွားရာမှ ပြန်မလာဘဲပျောက်ဆုံးနေသဖြင့်
အောက်တိုဘာ ၂၆ ရက်တွင်ငါးဆူ တောင်နယ်မြေရဲစခန်းသို့ လူပျောက်အမှတ်စဉ်(၁/၂ဝ၁၃)ဖြင့်အမှုဖွင့်တိုင်တန်း ပြီး ရှာဖွေခဲ့ရာ အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီခွဲတွင် ဧက ၁ဝဝ လျှိုအဆင်းရော်ဘာခြံ အတွင်းရှိ ရေအိုင်အတွင်း၌မချိုနွယ်ဝင်းအား မှောက်လျက် ဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဦးခေါင်းရှေ့ထိပ်ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက် အောက်ပိုင်း ပေါက်ပြဲ ဒဏ်ရာတစ်ချက်တွေ့ရှိရသဖြင့် အလောင်းအားလှည်းကူးဆေးရုံသို့ပို့ပြီး
ပီအာရ် ၇၇/၁၃ ဖြင့်စစ်ဆေးလျက် သေဆုံးအောင်ပြုလုပ်သူအား အရေးယူပေးရန်
တိုင်တန်းမှုအား ငါးဆူတောင် နယ်မြေရဲစခန်းက (ပ)၅၄/၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့်
အောက်တိုဘာ ၂၉ ရက်တွင် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိသည်။
(၃၁)
အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း <Thanks
https://www.facebook.com/excellencemedia
No comments:
Post a Comment