Monday, August 26, 2013

ကတ္တရာလမ်းများပေါ်တွင် လှေစီးနိုင်ရန် ထူးထူးခြားခြား ဝန်ဆောင်မှုပေး ============== သြဂုတ် ၂၃ ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ


သံ လွင်မြစ်ရေတက်မှုကြောင့် မော် လမြိုင်မြို့ ဒိုင်းဝန်ကွင်းရပ်ရှိ ကတ္တ ရာလမ်းများပေါ်တွင်ရေကြီးခဲ့ ရာ သံလွင်မြစ်အတွင်းမှ တံငါလှေ အချို့က ရေကြီးနေသည့် ကတ္တရာ လမ်းများပေါ်သို့တက်ကာ လှေစီး လိုသောခရီးသည်များအား ထူး ထူးခြားခြားဝန်ဆောင်မှုပေးခဲ့ ကြောင်း သိရသည်။
''တစ်ခါစီး၂၀ဝကျပ်နဲ့လှော် ခတ်ပေးပါတယ်။ ဒါမျိုးအခွင့် အရေးက တစ်နှစ်မှာတစ်ခါဆို သလို နာရီပိုင်းလောက်ပဲရတာမို့ ပျော်ပျော်ပါးပါးလမ်းပေါ်မှာ လှေ စီးရတဲ့အရသာကို ခံစားစေချင် လို့ပါ''ဟု လှေသမားတစ်ဦးက ပြောသည်။
မော်လမြိုင်မြို့တွင် ယခုကဲ့ သို့ မိုးတွင်းရေကြီးသည်မှာ ဖြစ်ရိုး ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး ပုံမှန်ရေ ထရက်များဖြစ်သော အဖိတ်၊ လ ပြည့်၊ လကွယ်၊ လပြည့်ကျော် ၁၊ ၂၊ ၃ရက်များသည် ဒီရေအတက် အများဆုံးနေ့ဖြစ်ကြောင်း မော် လမြိုင်မြို့ခံများက ပြောသည်။

No comments:

Post a Comment