Tuesday, August 27, 2013

ဝန်ကြီးဌာနအဖွဲ့အစည်း ၁၀၀ ကျော်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညီ ဆောင်ရွက်ခဲ့မှုကြောင့် ပြည်သူ့ဘဏ္ဍာ ကျပ်သန်း ၅ ထောင်နီးပါး နစ်နာခဲ့ စည်သူဇေယျ - DVB - ၂၇ သြဂုတ် ၂၀၁၃

ဝန်ကြီးဌာနတွေရဲ့ ဌာန အဖွဲ့အစည်း ၁၀၀ ကျော်ဟာ လုပ်ထုံးလုပ်နည်းတွေနဲ့ လိုက်နာဆောင်ရွက်မှု အားနည်းသလို ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ မညီညွတ်ပဲ ဆောင်ရွက်နေတာတွေကို တွေ့ရတဲ့အကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သြဂုတ်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ် ဘာဏ္ဍာငွေ အရအသုံးဆိုင်ရာ စာရင်းတွေကို ပြည်သူ့ငွေစာရင်းပူးပေါင်းကောမတီက လေ့လာစစ်ဆေးခဲ့ပီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီအစီရင်ခံစာထဲမှာဘဲ ဌာနဆိုင်ရာ အဖွဲ့စည်းအတွေအနေနဲ့ အခုလို ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ မညီညွှတ်ဘဲ လုပ်ဆောင်မှုကြောင့် ပြည်သူ့ဘဏ္ဍာ ငွေကျပ်သန်းပေါင်း ၅ ထောင်နီးပါး ဆုံးရှုံးခဲ့သလို အမေရိကန်ဒေါ်လာ ၄ သောင်း ၆ ထောင် နဲ့ တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းတွေပါ နစ်နာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီတွေ့ရှိမှုနဲ့ပါတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက တာဝန်ရှိတဲ့ ၀န်ထမ်းတွေကို တရားဥပဒေအရ ရေးယူမှုတွေပြုလုပ်ခဲ့သလို ၀န်ထမ်း စည်းမျဥ်းစည်းကမ်းတွေနဲ့လဲ အရေးယူခဲ့တယ်လို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာဌာနတွေကို ၂၀၁၃ ခုနစ် ၁ လပိုင်း မှာ ဒီနစ်နာခဲ့တဲ့ ငွေကြေးတွေကို အပြီးသတ် အကြေဆပ်စေခဲ့ပါတယ်။ ၀န်ကြီးဌာန ၅ ခုမှာတော့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့အထို ကြွေးကျန်အမှုပေါင်း ၁၂ မှုရှိတယ်လို့သိရပါတယ်။

No comments:

Post a Comment