Monday, August 26, 2013

ဩဂုတ်၂၂ရက်က မက္ကဆီကိုစီးတီးအနီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားသောသင်္ချိုင်း မြေပုံတစ်ခုကို အာဏာပိုင်တို့က တွေ့ရှိခဲ့ရာ

ဩဂုတ်၂၂ရက်က မက္ကဆီကိုစီးတီးအနီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားသောသင်္ချိုင်း မြေပုံတစ်ခုကို အာဏာပိုင်တို့က တွေ့ရှိခဲ့ရာ မေလက ပြန်ပေးဆွဲခံခဲ့ရသော လူငယ် ၁၂ ဦး ၏အ လောင်းများဟုတ်မဟုတ် စိုးရိမ် နေသောဆွေမျိုးများက သိချင် နေသည်။

ဩဂုတ် ၂၁ရက်က ပန်းခြံတစ်ခုတွင် ရှာဖွေမှုစတင်ပြီးနောက် ပုပ်သိုးဆွေးမြည့်နေသော လူခုနစ်ဦးပါအလောင်းများ တွေ့ ရခြင်းဖြစ်သည်ဟု မက္ကဆီကိုစီးတီး၏ ထိပ်တန်းရှေ့နေရိုဒေါ်လ် ဖိုရီယို့စ်က ပြောကြားခဲ့သည်။ အလုပ်သမားများက ဆက်လက် တူးဖော်ရှာဖွေလျက်ရှိသည်။

အလောင်းများကို ခွဲခြားသိရှိရန်အတွက် DNA ရလဒ်များရရှိရန် အနည်းဆုံးနှစ်ရက်ကြာမည်ဟု ရီယို့စ်က ပြောကြားခဲ့သည်။ ပြန်ပေးဆွဲခံရသူများ မှာ အသက်၁၆နှစ်မှ ၃၄နှစ် အရွယ်အထိပါဝင်ပြီး လွန်ခဲ့သည့် သုံးလက တနင်္ဂနွေနေ့နေ့ခင်း ကြောင်တောင်မြို့လယ်ရှိ ဘား ဆိုင်တစ်ခုမှ အဓမ္မခေါ်ဆောင် ခံခဲ့ရသည်။ ၎င်းဖြစ်ရပ်ကြောင့် မက္ကဆီကို စီးတီး၏ လုံခြုံရေးကိစ္စအပေါ် စိုးရိမ်မှုများမြင့်မားလာခဲ့ပြီး မူးယစ်ဆေးဝါးဂိုဏ်းများ၏ အကြမ်းဖက်တိုက်ခိုက်မှုကို ယခင်ကနှင့်စာလျှင်ခုခံကာကွယ်နိုင်စွမ်းရှိပြီ ဆိုသည့် ယူဆချက်ကို စိန်ခေါ်လျက်ရှိသည်။

သင်္ချိုင်းမြေပုံကို မြို့တော်၏အရှေ့တောင်ဘက် ၁၉မိုင် အကွာ တီလယ်မာနယ်လ်ကို စည်ပင်သာယာနယ်နိမိတ်အတွင်း ရန်ချိုလာမီဆာဂေဟဗေဒ ပန်းခြံတွင်တွေ့ရှိခဲ့သည်။ အာဏာပိုင်များသည် ဩဂုတ်၂၁ ရက်က လက်နက်များရှာဖွေခဲ့ရာ ရပ်ထားသောနောက်တွဲယာဉ် တစ်ခုပေါ်မှလက်နက်များတွေ့ ရှိခဲ့သည်။ ထို့အပြင် ဘိလပ်မြေ ဖြင့်အုပ် ထားသော မြေနေရာ တစ်ခုကို တွေ့ရှိတူးဖော်ရာမှ အ လောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိတစ်ဦးက ပြော သည်။

Ref....Yangon Media Group
မြန်မာ့လင်းရောင်ခြည်

No comments:

Post a Comment