Tuesday, August 27, 2013

၂၈.၈.၂၀၁၃ရက်နေ့၊ နံနက် ၇ နာရီ မှ နံနက် ၉ နာရီ အချိန်ထိ တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအား ခေတ္တပိတ်မည်


မြန်မာ-ထိုင်း နယ်စပ် စခန်းများ၌ ဗီဇာဖြင့် ၀င်/ထွက်ခွင့်ပြုခြင်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့တွင်
တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်း နှင့် ထီးခီး-နာဖူရွန်တို့တွင် တပြိုင်နက် ဖွင့်ပွဲ ပြုလုပ်ကြမည်ဖြစ်ရာ တာချီလိတ်မြို့ရှိ အမှတ်(၁)ချစ်ကြည်ရေး တံတားတွင်လည်း ၂၈-၈-၂၀၁၃ ရက်နေ့၊ နံနက် ၈ နာရီမှာပြုလုပ်မှာဖြစ်သည့်အတွက် အဆိုပါနေ့တွင် အခမ်းအနားမဖွင့်မီ နံနက် ၆ နာရီမှ ၇ နာရီထိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၀င်ထွက် သွားလာနိုင်စေရန် ဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားပြုလုပ်ရန်အတွက် လူသူသွားလာမှု ကင်းရှင်းစေရန် ရည်ရွယ်၍ နံနက် ၇ နာရီမှ ၉ နာရီအချိန်ထိ ခေတ္တခဏ ပိတ်ထားမှာဖြစ်ပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနား ပြီးမြောက်သွားပါက တံတားအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

No comments:

Post a Comment