Monday, August 26, 2013

ရန်ကုန်တိုင်း ဒေသကြီးသည် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် အဓိကဈေးကွက် ဖြစ်လာနိုင် Created on Sunday, 25 August 2013 23:34

ရန်ကုန်တိုင်း ဒေသကြီးသည် မူးယစ်ဆေးဝါး လုပ်ကိုင်နေကြသည့် ၀ိသမ လောဘသများ၏ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပြုလုပ်သည့် ဈေးကွက် ဖြစ်လာနိုင်ကြောင်း ရန်ကုန်အနောက် မူးယစ် (အထူး) အဖွဲ့၏ ကြီးကြပ်သူ အရာရှိ ဒုရဲမှူး ခင်မောင်သိန်းက ပြောကြားသည်။

ယခုနှစ်တွင် ရန်ကုန်တိုင်း၌ စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားလာပြီး ဖမ်းဆီးရမိမှု မှာလည်း များပြားလာကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဦးတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းမှာ တစ်နိုင်ငံလုံးရဲ့ လူဦးရေအရ ၁၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ပြည်ပနိုင်ငံများနဲ့ အဓိက ကုန်သွယ်နေတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများ ရှိတယ်။ အခြားပြည်နယ်တိုင်း ဒေသကြီးထက် ထူးခြားတိုင်း ဒေသကြီးပါ။ အဲဒီအတွက်လည်း မူးယစ်ဆေးဝါးက ရေဆိပ်၊ လေဆိပ်ကနေ ထွက်နိုင်၊ ၀င်နိုင်တယ်...



''ရန်ကုန်တိုင်းမှာ တစ်နိုင်ငံလုံးရဲ့ လူဦးရေအရ ၁၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ပြည်ပနိုင်ငံများနဲ့ အဓိက ကုန်သွယ်နေတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများ ရှိတယ်။ အခြားပြည်နယ်တိုင်း ဒေသကြီးထက် ထူးခြားတိုင်း ဒေသကြီးပါ။ အဲဒီအတွက်လည်း မူးယစ်ဆေးဝါးက ရေဆိပ်၊ လေဆိပ်ကနေ ထွက်နိုင်၊ ၀င်နိုင်တယ်။ စင်တင် တေးဂီတတွေ၊ KTV တွေ၊ Club တွေ အကုန်လုံးရှိတယ်။ အဲဒါတွေကို ကြည့်ပြီးတော့ မူးယစ်ဆေးဝါး လုပ်ကိုင်တဲ့ ၀ိသမ လောဘသားတွေရဲ့ Target ဖြစ်လာနိုင်တယ်။ ရန်ကုန်တိုင်းဟာ မူးယစ်ဝိသမ လောဘသားတွေရဲ့ မူးယစ်ဆေးဝါးဈေးကွက် ဖြစ်လာနိုင်တယ်'' ဟု ရန်ကုန်အနောက် မူးယစ် (အထူး)အဖွဲ့၏ ကြီးကြပ်သူ အရာရှိ ဒုရဲမှူး ခင်မောင်သိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် ရထားများတွင် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှုများ လုပ်ကိုင်နေသည့် အတွက် ဖမ်းဆီးရမိမှု ဖြစ်စဉ်များ ရှိနေကြောင်း သိရသည်။

ဆက်လက်ပြီး ဒုရဲမှူး ခင်မောင်သိန်းက ''ကျွန်တော်တို့ မူးယစ်အထူးအဖွဲ့ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အင်အား ၅၀၀ နဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို ဘယ်လိုမှ အောင်မြင်အောင် လုပ်လို့မရနိုင် သေးပါဘူး။ ဒါကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးရေးမှာ သတင်းရရှိဖို့က အသက်ဖြစ်ပါတယ်'' ဟု ဆိုသည်။

မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် စီမံကိန်းများ ချမှတ်ကာ ၁၅ နှစ် စီမံကိန်း ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အတွက် နောက်ထပ် စီမံကိန်းသက်တမ်း ငါးနှစ်ထပ်တိုးကာ ပြည်သူလူထု ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက်များဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါး အမှုပေါင်း ၄၀၀၀ ကျော် ဖမ်းဆီးခဲ့ရာ တရားခံ ၅၇၀၀ ဦး ကျော်အား ဥပဒေအရ အရေးယူခဲ့သည်။

Eleven Media Group

No comments:

Post a Comment