Monday, August 26, 2013

ရသေ့တောင်မြို့နယ်တွင် ဘင်္ဂလာမှ ယူဆရသော လူမဲ့စက်လှေ တစ်စီး ဖမ်းဆီး ရမိ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဘင်္ဂလာဒေခ်ျ့မှ ယူဆရသော လူမဲ့စက်လှေ တစ်စီးအား ဖမ်းဆီးရမိသည်ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောသည်။
၎င်းစက်လှေသည် လူမပါဘဲ မေယူမြစ်ဝပန်းဇင်မော်တွင် မျောပါနေစဉ် ညောင်ပင်င်္ကြီး
ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က ဖမ်းဆီးမိခဲ့သည်ဟု သူက ပြောသည်။

“ အင်္ဂ်ါနေ့ကတည်းက မေယူမြစ်မှာ မျောနေတယ်လို့ သိရပါတယ်။ ရွာသားတွေက သတင်းပေးချက်အရ ညောင်ပင်ကြီးမှာ စခန်းချနေတဲ့ စစ်တပ်က ကြာသပတေးနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်” ဟု ဆားပြင်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး သတင်းပေးပို့ချက်ကို ကိုးကားပြီး ဦးလှမောင်သိန်းက ပြောသည်။

စက်လှေပေါ်တွင် လူများ လိုက်ပါလာပုံရပြီး၊ ပါလာသူများမှာ ကုန်းပေါ် တက်ပြေးသွားပုံရကြောင်း သူက ဆက်ပြောသည်။

စက်လှေ ဦးခေါင်းတွင် ဘဲငန်း သဏ္ဍန် ဘင်္ဂလာဒီဇိုင်း အရုပ်တစ်ခု ပါပြီး တခြား သဲလွန်စများ ပါရှိလာခြင်း မရှိကြောင်း သိရသည်။

ယခုအခါ ရခိုင်ပြည်နယ်အတွင်း အစ္စလာမ်မစ် အစွန်းရောက်များမှ ဗုံးခွဲ တိုက်ခိုက်မည်ဟု သတင်းများကြောင့် အရေးကြီးသော နေရာများနှင့် နာမည်ကြီး ဘုရားများတွင် လုံခြုံရေးကို အထူး တင်းကျပ်ထားသည်။

ထိုသို့ လုံခြုံရေး တင်းကျပ်ချိန်တွင် ဘင်္ဂလာမှ လူမဲ့ စက်လှေတစ်စီးကို ဖမ်းဆီးရမိသဖြင့် ဒေသခံ ပြည်သူများ အကြား သံသယများနှင့် အတူ စိုးရိမ်မူများ ရှိနေကြသည်ဟု သိရသည်။

narinjara

No comments:

Post a Comment