Monday, August 26, 2013

ဆိုက်ရောက်ခရီးသည် ကားကွင်းအတွင်း Wi-Fi အခမဲ့ အသုံးပြုခွင့်ပေးမည် Thit Htoo Lwin blog


ယခုလမှစတင်ကာ စမ်းသပ်ဖွင့်လှစ်လိုက်သော ဆိုက်ရောက်ခရီးသည် ကားကွင်း (Aung Mingalar High - Way Bus Arrival)တွင် ဝိုင်ဖိုင်အခမဲ့ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း Myint and Paing ကုမ္ပဏီမှ ဒါ ရိုက်တာ ဦးသော်ဇင်အောင်က ပြောသည်။

လက်ရှိတွင် ခရီးသည်များပြားသော အချိန်ကို ဦးစားပေးကာ ဝိုင်ဖိုင်အင်တာနက် အခမဲ့အသုံးပြုခွင့်ပေးလျက်ရှိသည်ဟု သိရပြီးနောက်ပိုင်းတွင် အချိန်ပြည့်အသုံးပြုခွင့်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

“လက်ရှိအချိန်ပိုင်း ဝိုင်ဖိုင် အခမဲ့အသုံးပြုခွင့်ပေးနေတာဖြစ်ပါတယ်။ မနက် ၃ နာရီခွဲကနေ ၈ နာရီအထိ အသုံးပြုခွင့်ပေးထားတယ်။ ခရီးသည်အများပြားဆုံးအချိန်ကို အသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်” ဟု ဦးသော်ဇင်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် ခရီးသည်တင်ယာဉ်ငယ် ဆိုက်ရောက်ကွင်းကို စမ်းသပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကွင်းတွင် အခမဲ့အင်တာနက်စနစ် အသုံးပြုခွင့်ပေးထားခြင်း ဖြစ်သည်။

အဆိုပါ ကွင်းတွင် လုံခြုံရေးဆိုင်ရာများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။ “လုံခြုံရေးနဲ့ပတ်သက်ပြီး CCTV 16 လုံးတပ်ဆင်ထားပါတယ်” ဟု အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

၎င်းအပြင် ငွေလွှဲကောင်တာများကိုလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ATM ငွေထုတ်စက်များကို ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ်တို့က တပ်ဆင်ထားသည်ကိုတွေ့ရသည်။

အဆိုပါကွင်းအတွင်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ရန် ၂၄ နာရီဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကြောင်းသိရသည်။

ထွန်းထွန်း
- See more at: http://www.myanmarinternetjournal.com/content/7733#sthash.AMsKn4xu.dpuf

No comments:

Post a Comment