ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက အပိတ်ခံခဲ့ရသော ထိုအရက်ချက်စက်ရုံက စွန့်ပစ်သော ရေဆိုးများကြောင့် စိုက်ပျိုးမြေများ ပျက်စီးရုံသာမက ဒေသခံလူအချို့လည်း ကျန်းမာရေးထိခိုက်ခဲ့သည်ဟု စွပ်စွဲတိုင်တန်းမှုများပင် ရှိခဲ့ပြီး ယခုအခါ ရေဆိုးကို သန့်စင်ပြီးမှ ပြန်စွန့်ရန် သီးခြားစက်ရုံများ တည်ဆောက် ထားပြီးဖြစ်သဖြင့် အစမ်းပြန်လည်ခွင့် ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“ဒီသုံးလပြီးရင် စက်မှုကြီးကြပ်အဖွဲ့က လာကြည့်ပြီး ရေဆိုးသန့်စင်စွန့်ထုတ်မှု သန့်စင်ပမာဏကို ကြည့်ပြီး လည်ပတ်ခွင့် ပြုမပြု သိရမယ်”ဟု စက်ရုံမန်နေဂျာ ဦးမောင်မောင်အေးက ဆက်ပြောသည်။
ရွှေဘုရင်မစက်ရုံမှထွက်သည့် ရေဆိုးများကို ပြန်လည်သန့်စင်သည့် စက်ရုံကို ဒီဇိုင်းထုတ်တည်ဆောက်ခဲ့သောမြန်
သို့သော် သူက“အခုလောလောဆယ်တော့ အတိအကျမပြောနိုင်သေးပါဘူး။ အနည်းဆုံးသုံးလလောက်မှ အတိအကျပြောလို့ရမယ်”ဟုလည်း ဆက်ပြောထားသည်။
အရက်ချက်ရုံမှ ရေဆိုးများကြောင့် ဆိုးကျိုးခံစားခဲ့ရသည့် ဆင်တလည် အနောက်ရွာမှ ဦးဉာဏ်အေးက “ရေဆိုး သန့်စင်စက်ရုံ လုပ်ပေးလိုက်တော့ ကောင်းတာပေါ့။ ကျွန်တော်တို့ ရွာတွေအနေနဲ့လည်း စိတ်သန့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရေကို သုံးနေရတာလေ”ဟု မှတ်ချက်ပြုသည်။
ယခုတည်ဆောက်ပြီးသော ရေဆိုးသန့်စင်စက်ရုံသည် တစ်ရက်လျှင် ရေဆိုးဂါလံ ငါးသောင်းကို သန့်စင်ပေးနိုင်ပြီး စက်ရုံကမူ တစ်ရက်လျှင် ရေဆိုးဂါလံသုံးသောင်းသာ ထွက်ကြောင်း အရက်ချက်စက်ရုံမန်နေဂျာ ဦးမောင်မောင်အေး က ဆိုသည်။
ရွှေဘုရင်မ အရက်ချက်စက်ရုံက ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ပြီးသွားသည်ကို ရွှေဘိုမြို့ခံများနှင့် ရေဆိုးမြောင်း တစ်လျှောက်တွင်ရှိသည့် ယင်းတော၊ ရှားတော၊ ဆင်တလည်နှင့် ပတောင်းတောင်ရွာများမှ ရွာသားများကို ဖိတ်ခေါ်ရာ သြဂုတ် ၂၅ ရက်တွင် ရှင်းလင်းအသိပေးခဲ့သည်။
“စက်ရုံက အကြာကြီး ရပ်ထားလို့ မရပါဘူး။ ဒီမှာ ၀န်ထမ်း ၂၄၀ ဦး ရှိပါတယ်။ သူတို့ရဲ့ စားဝတ်နေရေးကို ခုချိန်ထိစက်ရုံက စီစဉ်ဆောင်ရွက်ပေးထားရတယ်။ လစာလည်းမဖြတ်ဘူး။ ပေးထားဆဲပဲ” ဟုလည်း စက်ရုံမန်နေဂျာ ဦးမောင်မောင်အေးက ဆိုခဲ့ကြောင်း သိရသည်။
Mizzima News
No comments:
Post a Comment