Monday, August 26, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club နှင့် Day Party များ ပြုလုပ်နေမှုကို ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ် Myanmar Forward



ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club များ ဖွင့်လှစ်ခြင်းနှင့် Day Party များ ပြုလုပ်နေမှုကြောင့် မြို့နယ်အသီးသီးတွင် ဒေသန္တသရအမိန့်များ ထုတ်ပြန်ပြီး တားမြစ်ထားကြောင်း သြဂုတ် ၂၄ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ မြို့နယ်အများစုတွင် ၂၀၁၃ ခုနှစ် သြဂုတ်လ တတိယအပတ်အတွင်းမှ စတင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တားမြစ်ထားသည့်ကြားမှ လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပိုင်ရှင်နှင့် ဦးဆောင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှိုင်စိုးသန့်က သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

Read more--> http://mmforward.blogspot.com/2013/08/day-club-day-party.html

No comments:

Post a Comment