Monday, August 26, 2013

အတုအယောင် သင်္ကန်းဝတ် နှစ်ကောင်အား အရေးယူခြင်း Khoo Ah-Ai


ကချင်ပြည်နယ် မိုးကောင်းမြို့ ဘာသာကြီး လေးဘာသာ ဦးဆောင်သော၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့မှ အတုအယောင် သင်္ကန်းဝတ် နှစ်ယောက်အား (၁၃.၇.၂၀၁၃) စနေနေ့ နံနက်(၁၁)နာရီခန့် အချိန်တွင် ဆားမှော်ကျေးရွာ မှာ တွေ့ ရှိ အရေးယူ ထားကြောင်း သိရပါသည်။

ဆားမှော်ကျေးရွာ သံလမ်းဘေး ကျောက်ပုံဘေးတွင် ထိုင်နေသော အတုအယောင်
နှစ်ယောက်ကို စစ်ဆေးရာ ဦးတိလောက(ခ)ဦးမျိုးဝင်း (ဗုဒ္ဓဘာသာဝင်) အသက်(၄၂)၊ အဘ-ဦးကျော်သန်း၊ အမိ-ဒေါ်သန်းညွန့်၊ မုံရွာမြို့ ဇင်မျိုးအောင်(ခ) မိုဟာမက်ရီစွတ် (အစ္စလာမ် ဘာသာဝင်) အသက်(၂၁)၊
အဘ-ဦးကြည်စိုး၊ အမိ-ဒေါ်သီတာထွေး၊ ယင်းသာရွာ၊ ကန့်ဘလူမြို့ တို့သည် ဘာသာ
သာသနာ ညစ်နွမ်းအောင် ပြုလုပ်နေကြောင်း စီစစ်တွေ့ရှိရသဖြင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့မှ တရားဥပဒေအရ အမှု့ဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။___နယ်သားလေး

No comments:

Post a Comment