Saturday, August 24, 2013

ဟိုင်းကြီးကျွန်း အနီးတွင် ဘင်္ဂါလီ၂၇၀ ကျော် ထပ်မံတွေ့ရှိ


စက်လှေပျက်၍ ဘင်္ဂါလီ ၂၇၄ဦး ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲရှိ လိပ်ကျွန်းတွင် ရောက်ရှိနေကြောင်း ဟိုင်းကြီးကျွန်းရှိ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

လိပ်ကျွန်းသည် ဟိုင်းကြီးကျွန်းမှနေ၍ ရေမိုင်အားဖြင့်မိုင် ၄၀ခန့်ရှိပြီး၊ ဟိုင်ကြီးရေတပ် စခန်းဌာနချုပ်မှ စစ်ရေယာဉ်များနှင့် ပုဂ္ဂလိက ရေယာဉ်များဖြင့် ၎င်းတို့အားသွားရောက် ကယ်ဆယ်လျက် ရှိကြောင်း သိရသည်။ ဟိုင်းကြီးကျွန်းရှိဒေသခံတစ်ဦးက “လိပ်ကျွန်းက ကျောက်ဆောင်တွေကလည်း များတယ်၊ လှိုင်းက အရမ်းကြီးနေတော့ သွားခေါ် တဲ့သူတွေလည်းအခက်အခဲရှိတယ်၊မနက်ပိုင်းကတည်းက သူတို့ကို သွားခေါ်ကြတာပင်လယ်မှာ ရာသီဥတု ဆိုးနေတော့ ပြန်ရောက်ရမယ့် အချိန် ကျော်နေပေမဲ့ ပြန်မရောက် ကြသေးဘူး”ဟုပြောကြားသည်။

လွန်ခဲ့သည့်ရက်က ငရုတ်ကောင်းမြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ၅၃ဦးအား ပုသိမ်မြို့ သို့ ယမန်နေ့ က ခေါ်ယူလာရန် သက်ဆိုင်ရာမှစီစဉ်ထားသော်လည်း ယနေ့တွင် ၂၇၄ဦးအား ထပ်မံတွေ့ရှိ သဖြင့် ပုသိမ်သို့ ခေါ်ယူမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ကြောင်းသိရသည်။

ယနေ့တွေ့ရှိခဲ့သည့် ၂၇၄ဦးသည် ယခင်နေ့ကဖမ်းဆီးခဲ့သူများ စီးနင်းလာသည့် စက်လှေမဟုတ်ဘဲ၊ အခြားစက်လှေ တစ်စင်းဖြစ်ကြောင်း၊ ယင်းစက်လှေသည် လှေဝမ်းကွဲ၍ ပျက်စီးနေသည်

Read more => http://www.todaymyanmar.net/2013/08/blog-post_3510.html

No comments:

Post a Comment