Tuesday, August 27, 2013

ခါးပိုက်နှိုက်ဖမ်းဆီးရမိ ရန်ကုန်၊ သြဂုတ် ၂၇ Yangon Police


၂၆.၈.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်ဖမ်းဆီးရေးအတွက် လသာမြို့နယ်၊ (၉)ရပ်ကွက်၊ ရန်ကုန်ဆေးရုံကြီးအရေးပေါ်လူနာဌာနအဆောင်၊ နှလုံးပြင်ပဌာနတွင် သတင်းစုံးစမ်းနေစဉ် ဆေးကုသရန် စောင့်ဆိုင်းနေသော ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူ မခင်မာဝေ ၀တ်ဆင်ထားသည့် အနွေးထည် အိပ်ကပ်အတွင်းမှ ငွေကျပ်(၅၀၀၀)အား မသင်းသင်းခိုင်(ဘ)ဦးမြ၊ (၃၀)ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် နေသူမှ ၎င်း၏လက်ဆွဲအိတ်ဖြင့် အကာအကွယ်ပြုလုပ်ကာ နှိုက်ယူနေသည်ကို
တွေ့ရှိဖမ်းဆီးရမိသဖြင့် မသင်းသင်းခိုင်အား လသာမြို့မရဲစခန်း (ပ)၁၉၃/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)ဖြင့်အရေးယူ ဆောင်ရွက်ထားရှိ
ပါသည်။

အဆိုပါအမှုမှ မသင်းသင်းခိုင်အား အခြားခါးပိုက်နှိုက်မှုများဖြင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment