စစ်ကိုင်းတိုင်း၊
ကန့်ဘလူမြို့နယ်ထဲက ထန်းကုန်းရွာမှာ သြဂုတ်လ ၂၄ရက်ညက အဆောက်အဦးတွေကို
မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ လူအသေအပျောက် မရှိဘူးလို့ ကန့်ဘလူမြို့နယ်
၊ရဲစခန်းက ပြောပါတယ်။
ထန်းကုန်းကျေးရွာမှာ နေအိမ်၄၄လုံး မီးလောင်ပျက်စီးပြီး ရွာအတွင်းရှိ ဈေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင်၎ဆိုင် ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း၊ မီးသတ်တစ်ဦးနဲ့ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ပြစ်မှုကျုးလွန်သူတစ်ဦးနဲ့ မီးရှို့ ဖျက်ဆီးသူလို့ ယူဆရသူ ၁၁ဦးကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေကြောင်း ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
မီးရှို့မှု ဖြစ်ပွားခဲ့တဲ့ ထန်းကုန်းရွာဟာ ကန့်ဘလူမြို့နယ်နဲ့ ၁၅မိုင်လောက် အကွာမှာ တည်ရှိပြီး၊ အိမ်ခြေ ၇၀၀လောက်ရှိတဲ့ တိုက်နယ်ကျေးရွာကြီး တရွာ ဖြစ်ပါတယ်။
ဓါတ်ပုံ - စူပါ

No comments:
Post a Comment