Saturday, August 24, 2013

လာမယ့် ၉ လပိုင်းမှ စတင်ပြီး မလေးရှားနိုင်ငံအတွင်း မှီတင်းနေထိုင်ကုန်သော တရားမ၀င် နိုင်ငံပေါင်းစုံမှ အိုဗာစတေးများ အား အဖွဲ့ ၄ ဖွဲ့ခွဲပြီး ဖမ်းဆီး၊ အရေးယူ(ထောင်ဒဏ်၊ ငွေဒဏ်၊ကြိမ်ဒဏ်)၊ ပြန်ပို့ စသည့်အစီအစဉ်များ ဖြင့် စတင်မည်ဖြစ်ပါကြောင်း


မလေးရှား ရွေမြန်မာများ အထူးသတိထားရန်
........................။................................
မလေးရှား မှရွေမြန်မာများခင်ဗျာ၊ဒါကကျနော်သူငယ်ချင်း
တစ်ယောက် Chat Box ကနေလာရောက်ပို့ ပေးတဲ့သတင်း
ဖြစ်ပါတယ်။ကိုယ်တိုင်လည်းစုံစမ်းကြည့်ကြစေချင်ပါတယ်။
အမှန်ကတော့ဒီလတွေဆိုတာ မလေးရှားဟာရီရာယာနဲ့ လွတ်
လပ်ရေး လဖြစ်တဲ့အတွက်ဖမ်းနေကျတော့မှန်ပါတယ်။ဒါပေမဲ့
ကျနော်တို့ မြန်မာတွေအတွက်တော့ဒီနှစ်ကအထူးသတိထားရ
မယ့်နှစ်ဖြစ်နေတဲ့အတွက် အခုသတင်းကို အတည်မပြုနိုင်သေး
မေပဲ့တင်ပြပေးလိုက်ပါတယ်။ယနေ့ ထုတ်သတင်းစာပါထုတ်ပြန်
ထားချက်သတင်းပါ။
1-9-2013 မှစပြီး တစ်နိုင်ငံအတိုင်းအတာဖြင့်သက်ဆိုင်ရာရပ်ကွက်
လူကြီး၊အေးဂျင့်၊ရဲ၊ ရလာ နှင့် အင်မီဂရေးရှင်းတို့ ပူးပေါင်းပြီးအိုဗာ
စတေးများအားအော်ပရာစီဝင်ရောက်ဖမ်းဆီးစစ်ဆေးမည်ဖြစ်ကြောင်း၊
သူဌေးများကိုလည်း အိုဗာစတေးလက်ခံသူများအားထိထိရောက်ရောက်
အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာတားပါတယ်
မလေးဘာသာစကားတတ်ကျွမ်းသူများယနေ့ ထုတ်သတင်းစာပါအချက်
အလက်များလေ့လာဖတ်ရူစေလိုပါတယ်။

[ ယခုသတင်းသည် ကျနော့်သူငယ်ချင်းရဲ့ သူငယ်ချင်းစာရေးမက
လာရောက်ပြီး၊ယနေ့ သတင်းစာပါအကြောင်းများနဲ့ ပတ်သတ်ပြီး
သတိပေးပြောကြားလာခြင်းဖြစ်ကြောင်းအသိပေးအပ်ပါသည်။]



▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မလေးရှားရောက် မြန်မာအလုပ်သမားများအတွက်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများကို သိရှိရပါက ကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း၊ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ရှိ သံမှူးကြီး ( ဖုန်းအမှတ်- ၆၀၃ ၄၂၅ ၁၄၄၅၅ ) ထံသို့ လည်းကောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ စေလွှတ်ထားသော အလုပ်သမားအရာရှိ ( ဖုန်းအမှတ်- ၆၀၃ ၄၂၅ ၁၅၅၉၅ ) ထံသို့လည်းကောင်း ဆက်သွယ်နိုင်ပါကြောင်းနှင့် ၎င်းတို့မှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သတင်းဘုရင်

No comments:

Post a Comment