Monday, August 26, 2013

ဆင်ဆာမဲ့ခွေများဖမ်းဆီးရမိ ရန်ကုန်၊ သြဂုတ် ၂၅



၂၄.၈.၂၀၁၃ ရက်နေ့ ၁၄၂၅ အချိန် တရားမ၀င်ကုန်သွယ်မှု
တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေးအဖွဲ့
( Mobile Team)အဖွဲ့သည် လှိုင်မြို့နယ်၊(၃)ရပ်ကွက်၊ချောင်းဝဆိပ်ကမ်း
တွင် ယာဉ်မောင်း တင်ဝင်းခိုင်၊ (ဘ)ဦးသိန်းကျော်(၇)ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသည့် အ/---- တိုယိုတာ ကိုရိုလာ ဆလွန်းခဲ့ရောင်ယာဉ်ဖြင့် တင်ဆောင်လာသော
ကော့သောင်းမြို့သို့ပို့မည့် ပီနံအိတ်(၅)လုံးအား စစ်ဆေးရာ ၎င်းအိတ်များအတွင်း၌ ကတ်ထူစက္ကူပုံးများဖြင့်ထည့်ထားသည့် ဆင်ဆာမဲ့မြန်မာသီချင်း/အငြိမ့်/လက်ဝှေ့ ခွေမျိုးစုံ (၃၃၀၀)ခွေ၊
နိုင်ငံခြား ဇာတ်လမ်းတွဲခွေမျိုးစုံ(၆၂၅၀)ခွေတို့အားတွေ့ရှိသိမ်းဆည်းရမိ
ခဲ့ပါသည်။

အဆိုပါခိုးကူးခွေများနှင့်ပတ်သက်၍ တင်ဝင်းခိုင်အားစစ်ဆေးရာ ရန်ကင်းမြို့နယ်၊ (၁၃)ရပ်ကွက်နေ စိုးအောင်(ခ)အောင်ကိုဦး
(ဘ)ဦးမြင့်မောင်မှ ၎င်း၏ယာဉ်အားငှားရမ်းပို့ခိုင်းခြင်းဖြစ်ကြောင်း
စစ်ဆေးသိရှိရသဖြင့် ၎င်းတို့(၂)ဦးအား ပိတောက်ချောင်းနယ်မြေရဲစခန်း
(ပ)၁၉၈/၂၀၁၃၊ ဗွီဒီယိုဥပဒေပုဒ်မ ၃၂(က)(ခ) ဖြင့်အရေးယူဆောင်ရွက်
ထားရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment