Saturday, August 3, 2013

လမ်းပြောင်းပြန်မောင်းလာတဲ့ ကားမှ ဆိုင်ကယ်အားတိုက်မိရာမှ ဆိုင်ကယ်စီး အမျိုးသမီးသေဆုံး 1.8.2013


မန္တလေး ၊ ချမ်းအေးသာစံ မြို့နယ် ၊ ၈၃ လမ်းမပေါ် တွင် ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်က Lucky သောက်ရေသန့် ဖြန့်ဝေသည့် ကားတစ်စီး လမ်းပြောင်းပြန် မောင်းနှင်၍ ဆိုင်ကယ်အား တိုက်မိရာမှ အမျိုးသမီး တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေး ၊ ချမ်းအေးသာစံ မြို့နယ် ၊ အလယ်ရပ်ကွက် ၊ ၈၃ လမ်း ၊ ၂၆ လမ်းဆုံ တောင်ဘက် ၈၃ လမ်းမပေါ်တွင် မြောက်မှ တောင်သို့ လမ်းပြောင်းပြန် မောင်းနှင် လာသော ယာဉ်မောင်း အောင်မြင့်လှိုင် ၅၁ နှစ် (ဘ) ဦးထွန်းမွှေး ( တံခွန်တိုင်ရပ် ၊ ပြည်ကြီးတံခွန် နေသူ ) ယာဉ်အမှတ် ၇ခ/ ၁၈၈၈ ကန်တာဘောက်စ် ၆ ဘီး အဖြူရောင် ယာဉ်သည် ၈၃ လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာသော ဆိုင်ကယ် ဇောင်ရှင်း အမျိးအစား အနက်ရောင် ၁၈ယ/ ၇၇၄၄၂ အား ၀င်တိုက်မိခဲ့ရာ ဆိုင်ကယ် စီးနင်းလာသူ မရီရွယ်ထွန်း ၁၈ နှစ် (ဘ) ဦးနေထွန်း ( ဥပုသ်တော်ရပ် ၊ အောင်မြေသာစံ နေ ) သည် ၀မ်းဗိုက်ပွန်း ၊ ယာပါးပွန်း ၊ ၀ဲတံတောင်ပွန်း ဒဏ်ရာများ ရရှိခဲ့၍ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး သို့ ပို့ဆောင် ကုသစဉ် သေဆုံးသွားခဲ့ သဖြင့် အမှတ်(၈) ရဲစခန်း မှ ယာဉ်မောင်း အောင်မြင့်လှိုင် အား ယာဉ်(ပ) ၈/၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment