Friday, August 23, 2013

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့က ဗုံးလုပ်သော ပစ္စည်းများ သိမ်းဆည်းရမိ


ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ် မြို့တော် ကွီတာ၌ ဗုံးလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိကြောင်း သြဂုတ် ၂၁ ရက် သတင်းတွင် ဖော်ပြသည်။ အဆိုပါ ဗုံးလုပ်ရန် ဆက်စပ်ပစ္စည်းများကို ကုန်ကားတစ်စီးနှင့် လူနှစ်ဦးထံမှ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း၊ ၁၅ တန် အလေးချိန်ရှိ ပိုတက်ဆီယမ်ကလိုရိုက်နှင့် ဓာတုဗေဒပစ္စည်းများဖြစ်ပြီး ဗုံးပြုလုပ်ရာတွင် အသုံးပြုခြင်းဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများကို အာလူးချောင်းကြော် သေတ္တာများအောက်တွင် သိုဝှက် ယူဆောင်လာခြင်း ဖြစ်ကြောင်း တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားသည်။ ရဲတပ်ဖွဲ့က သတင်းအရ လောင်စာသိုလှောင်ရုံအတွင်း ပိုတက်ဆီယမ် ကလိုရိုက်၊ ၀ါယာကြိုးများ၊ ဆာလ်ဖာနှင့် အလူမီနီယမ်မှုန့်များ၊ ဖောက်ခွဲရေး ကိရိယာများ၊ သေနတ်များနှင့် လက်နက် ခဲယမ်းများကို ရှာဖွေသိမ်းဆည်း ရမိသည်ဟု ဆိုသည်။ (ဆင်ဟွာ)

ခေတ်လူငယ်

Aureum Online Media

No comments:

Post a Comment