Tuesday, August 20, 2013

ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ရန် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့သူများ


၁။ လွတ်လပ်ရေးအကြိုကာလ အင်္ဂလိပ်အစိုးရ လက်ထက်ကပင် မြန်မာတိုင်းရင်းသား ရဟန်းရှင်လူ အပေါင်းတို့က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

၂။ ၁၉၄၇ ခုနှစ်၊ မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်ဆောင်ကြီး ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။

၃။ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာ၂၆ ရက်တွင် ပြည်သူ့လွှတ်တော် ပါလီမန်အမတ် ဒေါ်ခင်လှ (စမ်းချောင်း)က ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည်။

ပါလီမန်အမတ် ဗိုလ်ခင်မောင်က ထောက်ခံသည်။ သာသနာရေးဝန်ကြီး ဦးဝင်းက ကန့်ကွက်၍ အတည်မပြုနိုင်ခဲ့။

၎။ ၁၉၅၅ ခုနှစ်တွင် သံမဏိဦးဝမ်းမောင်နှင့် သခင်ဘသောင်းတို့ တည်ထောင်သော ရီပတ်ဗလီကင်ပါတီ၊ ၁၉၅၈ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီးကိုးဦးပါဝင်သော The Buddhist Democratic Party နှင့် ၁၉၅၉ ခုနှစ်တွင် သီပေါမင်း၏ တတိယသမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယကအဖြစ် ဆောင်ရွက်သော နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့တို့က နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းနိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

၅။ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့နှင့် စုံစမ်းရေးကော်မရှင်များကို ဖွဲ့စည်းသည်။

၆။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်တွင် နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို ၀န်ကြီးချုပ် ဦးနုက လွှတ်တော်၌ တင်သွင်းသည်။

၇။ ၁၉၆၁ ခုနှစ် ၊ သြဂုတ်လ ၂၆ ရက်တွင် လွှတ်တော်နှစ်ရပ်၌ မဲခွဲဆုံးဖြတ်အတည်ပြုကာ သမ္မတအိမ်တော်တွင် မွန်းလွဲ ၁နာရီ်၌ သမ္မတဦးဝင်းမောင်က အခမ်းအနားဖြင့် လက်မှတ်ရေးထိုး၍ ပြဌာန်းခဲ့သည်။

[ထေရဝါဒ ဓမ္မကွန်ရက်]

No comments:

Post a Comment