Tuesday, August 20, 2013

သန်လျင် GTC မှာ ဟောပြောခဲ့တဲ့ စက်မှု တက္ကသိုလ် ကျောင်းသားဟောင်း ပြေတီဦး


ပြေတီဦးက သြဂုတ် ၇ ရက်နေ့ က သန်လျင် GTC မှာ ပြုလုပ်တဲ့ ဘားကန့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာတော့ GTC ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ နဲ့ ပြေတီဦးက ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ ပွဲကို တက်ရောက်ပြီး ဟောပြော ဖြစ်ခဲ့ခြင်း နဲ့ပတ်သက်ပြီး စက်မှု ကျောင်းသားဟောင်း တစ်ယောက် ဖြစ်တဲ့ ပြေတီဦးက “ကျောင်းသား ကို လာဖိတ်တာ နဲ့အစ်ကို့ ကိုလည်း စက်မှု ကျောင်းသား ဆိုတော့ ပါစေချင်တယ် ဆိုတာနဲ့ သွားဖြစ်တာပါ။

အဲ ဒီက ကျောင်းသားတွေ နဲ့ တရင်းတနှီး စကားပြောချင်တယ်။ စိတ်ဓာတ် ပိုင်းဆိုင်ရာတွေ အရလည်း အား ပေးချင်တယ်။ ကိုယ်နဲ့ လည်း ညီ နောင် တက္ကသိုလ် ဆိုတော့ ညီအစ် ကိုမောင်နှမတွေ ပဲလေ။ မိသားစု စိတ်ဓာတ် နဲ့ပဲ ဒီကျောင်းသားတွေ အတွက် စေတနာ သက်သက်ပဲ သွား တာပါ။ ဘဝမှာ ရိုးသားဖို့၊ မကောက် ကျစ်ဖို့၊ ရိုးရိုးသားသားနဲ့ ကြိုးစားရင် ကိုယ့်နိုင်ငံ မှာလည်း အထင်ရှားဆုံး လူတွေထဲမှာ ပါဝင်ဖို့ အတွက် လူ တိုင်းမှာ အခွင့်အရေး ရှိတယ် ဆိုတဲ့ အကြောင်း၊ ကိုယ် လိုချင်တဲ့နေရာ ရောက်ဖို့ မရိုးမသား မလုပ်ဖို့၊ မရိုး မသားလုပ်တဲ့ သူနဲ့ ရိုးသားတဲ့ သူက စိတ်ချမ်းသာမှုချင်း၊ လိပ်ပြာသန့်မှု ချင်းက မတူနိုင်ဘူးဆိုတဲ့ အကြောင်း လေးတွေ ပြောခဲ့တယ်။ လူဆိုတာ အဆင် မပြေတာတွေ အမြဲ ကြုံတွေ့ နေရမှာပဲ။

ဒီလိုမျိုးတိုင်းမှာ ကိုယ့် ကိုယ်ကိုယ် ယိုင်လဲ မသွားအောင် ထိန်းသိမ်းနိုင်ဖို့ပဲ။ ခိုင်မာအောင် တည် ဆောက်နိုင်ရင် ကိုယ်လိုချင်တဲ့ အောင်မြင်မှု ကိုယ့် ဆီ ရောက်လာမယ်။ မထိန်းသိမ်း မတည်ဆောက် နိုင်တဲ့ သူတွေက လမ်းလွဲ ရောက်သွားတယ်။ ဒါဆို ဘဝတစ်ခုလုံး ဆုံးစမြုပ်စ ဖြစ်သွားကာ ဘဝတစ်ခု လုံး ပျက်စီး သွားပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှု မရနိုင်တော့ဘူး ဆိုတဲ့ အကြောင်း၊ နောက် တိုက်ခိုက်မှု ဆိုတာ အစ်ကိုတို့ အနုပညာရှင်တွေ မှ မဟုတ်ဘူး။ ဘယ်မှာ ပဲဖြစ်ဖြစ် ရှိ တယ်။ အစ်ကိုဆို ဝေဖန် တိုက်ခိုက် တာ အများဆုံးတွေ ထဲမှာ ပါတယ်။ ဒါကို ဘယ်လို ကျော်ဖြတ်သလဲလို့ မေးတယ်။ ဥပမာ တစ်ခုနဲ့ အစ်ကိုက ပြန် ရှင်းပြပေးခဲ့တယ်။ ကိုယ်တို့နိုင် ငံအတွက် ကိုယ်ကျိုး စွန့် ကြိုးစားပမ်း စားလုပ်နေကြတဲ့ သူတွေရှိတယ်။

ဥပမာ ဒေါ်အောင်ဆန်းစုကြည် ဆို သူဘယ်လောက်ပဲ အားကြိုးမာန် တက် လုပ်လုပ် မကောင်းပြောတဲ့ သူ တွေ၊ ဝေဖန် တိုက်ခိုက်နေတဲ့သူတွေ ရှိတာပဲ။ ဒါထက် ဗိုလ်ချုပ်အောင် ဆန်းဆို နိုင်ငံ အတွက် ဘယ်လောက် စေတနာတွေ ကြီးမားတယ် ဆိုတာ အခုချိန်ထိ တသသ ပြောနေရတုန်း ပဲ။ ဒါပေမဲ့ သူများ လုပ်ကြံ ခံရလို့ သေဆုံးခဲ့ရတယ်။ ကိုယ်တို့ရဲ့ ဗုဒ္ဓမြတ်စွာ ဘုရား ဆိုလည်း ဘုရား ဖြစ်ပြီးချိန် မှာတောင် အောင်ခြင်း ၈ ပါး ဆိုတာ ရှိသေးတယ်လေ။

ဘုရား က အတု မရှိသော၊ အပြစ် ဆိုလို့ မြူ မှုန်တစ်ခုမှ မရှိသော ဘုရားလေ။ ဒီ လောကဓံကို ခံရတာပဲ။ မြတ်စွာ ဘုရားက ထားပါဦး၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် တို့လို ပုဂ္ဂိလ်မျိုးနဲ့ ယှဉ်ရင် ကိုယ်တို့လို လူတွေက သူတို့ ခြေဖဝါးအောက် က မြူမှုန် တစ်မှုန်လောက် ပဲ ရှိ တာလေ။ ဝေဖန် တိုက်ခိုက်ခံရတာဘာမှ ဝမ်း နည်းစရာမှ မရှိတာ။

ဒီလိုစဉ်းစား လိုက်ရင် ဒါတွေ ကျော် လွှားနိုင်မှာပါ။ အခုပြောတဲ့ အပေါ် မှာ ဖတ်ပြီးတဲ့သူ တွေက ဘာတွေ လျောက်ပြောနေတာ လဲ လို့ပြောကြဦး မှာပဲလေ။ ကောင်းတယ်လို့ ထင်တဲ့သူလည်း ရှိမှာပဲ။ ဒါတွေက ကမ္ဘာ တည်သရွေ့ရှိ နေမှာပဲ။ အရေးကြီး တာက လိပ်ပြာသန့်ဖို့၊ ကိုယ်စကား တစ်ခွန်း ပြောလိုက်တဲ့ အခါ စေတနာ ဘယ်လောက် ပါလဲ ဆိုတာပဲ။ သူတို့ တွေ ဒီလို ကြုံတွေ့တဲ့ အခါ ကျော်လွှားနိုင်ဖို့ ဆိုတဲ့ စေတ နာ တစ်ခု နဲ့ပြောလိုက်တာ” လို့ ပြောပြ ခဲ့ပါတယ်။

မေမွန်မောင်

Aureum Online Media

No comments:

Post a Comment