Tuesday, August 20, 2013

Kanebo မျက်နှာလိမ်းဆေး တိုင်ကြားမှု ၇၀၀၀ ကျော်ပြီ


ဂျပန် နိုင်ငံက အသားအရည် ဖြူဖွေး လှပအောင် လိမ်းတဲ့ မျက်နှာလိမ်းဆေးကို သုံးစွဲပြီး မျက်နှာပေမှာ အစွန်းအကွက်တွေ တင်ကျန်ခဲ့တဲ့အတွက် အလှကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီက အမှု တိုင်ကြားမှု ပေါင်း ၇၀၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့လက အလှကုန်ထုတ်လုပ်တဲ့ Kanebo ကုမ္ပဏီက အလှကုန် မျက်နှာ လိမ်းဆေးထဲမှာ 4HPB ဆိုတဲ့ ဓါတုပါဝင်တဲ့ အလှကုန် အမျိုး အစား ၅၄ မျိုးကို ပြန်လည်ခေါ်ယူ ဖျက်သိမ်းခဲ့ပါတယ်။

Kanebo ကုမ္ပဏီက သူတို့ထုတ်လုပ်တဲ့ အလှကုန်ကို သုံးပြီး မျက်နှာပေါ်မှာ ကွက်ကျန်ခဲ့တာတွေ အတွက် ဆေးကုသမှုခံယူသူတွေအတွက် အကုန်အကျ ခံမယ်လို့ ဆိုပါတယ်။

တိုင်းတန်းမှု အမှုပေါင်း ၇၂၆၆ မှု အနက် ၆၅% က ပြည်ပက ဖြစ်ပြီး ကျန်တာ တွေက ဂျပန် ပြည်တွင်းက ဖြစ်တယ်လို့ သိရပါတယ်။

Kanebo အလှကုန် ပြန်ခေါ်ယူ မှု ၄.၇၅သန်း ဖြစ်ပြီး ထိခိုက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာ နိုင်ငံအပါအဝင် တိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုးရီးယား ၊ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗိယက်နမ် နိုင်ငံတို့ ပါဝင်ပါတယ်။

အေးချမ်းမွန် Credit To >ABC Radio< Thanks
Re-posted By ACM 20-8-2013
https://www.facebook.com/excellencemedia

No comments:

Post a Comment