Thursday, August 15, 2013

လိုင်စင်မဲ့ကား စီးနင်းနေသည့် အငြိမ်းစားဝန်ထမ်းကို တရားစွဲ ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၇ မိနစ် Mizzima - News in Burmese

လိုင်စင်မဲ့ကားကို အသုံးပြုစီးနင်းနေသူ အငြိမ်းစားဝန်ထမ်းတစ်ဦးကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် တရားစွဲရန် သြဂုတ် ၁၃ ရက်တွင် ဒုဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းကဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထိုအမှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ် ၁၉၉ သို့ ဆက်သွယ်သတင်းပေးလာမှုကြောင့် ရဲများက သွားရောက်စုံစမ်းခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ရဲဌာနကို ဆက်သွယ်တိုင်တန်းသူသည် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရှိ ၁၇ လမ်းတွင်လိုင်စင်မဲ့ကား တစ်စီးရပ်ထားသည်ဟု တိုင်တန်းခြင်းဖြစ်သဖြင့် ရဲများကသွားရောက်ခဲ့ရာတိုင်ကြားသည့်အတိုင်း မှန်ကန်သဖြင့် ကားပိုင်ရှင်ကိုပါ ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် လိုင်စင်မဲ့ကား၏ ပိုင်ရှင်မှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ အငြိမ်းစား ယာဉ်တာဝန်ခံ
ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ယခုလိုင်စင်မဲ့ ကားပိုင်ရှင်ကို ဒဂုံဆိပ်ကမ်းရဲစခန်းက အမှုအမှတ်(ပ)၂၇၄/ ၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး ပို့ ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် တရားစွဲမည်ဟု ရဲဌာနက ထုတ်ပြန်သည်။

No comments:

Post a Comment