Tuesday, August 20, 2013

မိတ္ထီလာမှ မြို့သူမြို့သားများ Mr ကင်တားနား အား ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် (မိတ္ထီလာ)


ယခု တင်ထားသော သတင်း ဓာတ်ပုံများ ကို လွတ်လပ်စွာ ကူးယူ ဖေါ်ပြနိုင်ပါသည်။ သို့ သော် မခိုင်လုံ သော သတင်းများ ရေးသားဖြန့်ဝေရာတွင် အသုံးမပြုပါရန် ပန်ကြားအပ်ပါသည်

မိတ္ထီလာမြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အား လူစုလူဝေးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျှက် ရှိကြောင်း သတင်းရှိရပါသည်။

မြို့ခံ တစ်ဦးမှ ဆက်သွယ် ပြောကြားလာသည်မှာ - ယခု ဆန္ဒ ဖော်ထုတ်မှုမှာ မည်သည့် အဖွဲ့ အစည်း မည်သူ တစ်ဦးတစ်ယောက်မှ ဦးဆောင်ခြင်း မဟုတ်ဘဲ မိတ္ထီလာ မြို့သူ မြို့သားများ ၏ ဆန္ဒအလျှောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ၊ မစ္စတာ ကင်တားနား ၏ သံဃာတော်များ အပေါ်တွင် ' အ' ဂါရ၀ ဖြစ်စေသော အပြုအမူများ ပြုမူခြင်းနှင့် ၄င်း တင်သွင်းသော အစီရင်ခံစာ ပါ အချက်အလက်များမှာ အမှန်တကယ် နှင့် ကွဲလွဲ မှားယွင်း နေခြင်း များ အား မကြေနပ်ကြခြင်းကြောင့် ယခုကဲ့ သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ပြောကြား သွားခဲ့ သည်။

သတင်းဓာတ်ပုံ / Credit to OTA (Myanmar Arts & News Media)

No comments:

Post a Comment