Sunday, August 18, 2013

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ News Time



မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည် အခင်းဖြစ် ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေးအဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင် တွင်းနေ မြန်မာမိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်းများအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။

ကံဆိုးသူ မ... ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်၍ ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့သော အခါ သူတို့ ၃ ယောက်က ဓားဖြစ်ထောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ထိုအဖြစ်အပျက်အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ မြန်မာသံရုံးမှ မလေးရှားလဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်ပါသည်
ယခုဖော်ပြပါ ဓာတ်ပုံမှာ မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်
သူတို့ ဆန္ဒ ပြသော အကြောင်းအရာမှာ သူတို့ နေအိမ် အဆောင်များ လုံခြုံမှုရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူတိုင်ကြားပေးရန် ဖြစ်ပါတယ်။

Tayzar Aung
From: Myanmar Daily News

No comments:

Post a Comment