Friday, August 23, 2013

ကင်တားနားနဲ့ ပတ်သတ်ပြီး အဆိုပါဖြစ်ရပ်ကို အစအဆုံးတွေ့မြင်ခဲ့သူ မိတ္ထီလာဒေသခံ ကိုဝင်းဇော်ကို Street View ဂျာနယ်က ဆက်သွယ်မေးမြန်းရာမှာ သူက ယခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်.......

တကယ်တော့ ကင်တားနားမှာ နဂိုရှိနေတဲ့ အခံစိတ်ကိုက မကောင်းတဲ့အတွက် ကြောက်စိတ် ၀င်နေတဲ့အခါ လူအများကြီးကို မြင်ပြီး သူ့ဘက်က တစ်ဖက်သတ် မှတ်ချက်စကား ပေးတာ ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ လူစုအနေနဲ့ သူပြောသလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်တာမျိုးလုံးဝမရှိပါဘူး။ ဒီဖြစ်စဉ်မှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ အပြင် မိတ္ထီလာ မြို့ပေါ်က ရပ်မိရပ်ဖတွေ အားလုံးလည်း စောင့်ကြည့်နေပါတယ်။ သူ့ကားကို ကန်တယ်ဆိုတာလည်း မဟုတ်ပါဘူး လူငယ်လေး တစ်ယောက်နှစ်ယောက်က သူ့ကားဘေးကို ပုတ်လိုက်တာပဲ ရှိပါတယ်။ ဒါကလည်း အနုပညာရှင်တွေ နာမည်ကြီး ပုဂ္ဂိုလ်တွေ လာရင် ကားကို ပုတ်ပြီး နှုတ်ဆက်သလိုပါပဲ။ မိတ္ထီလာမြို့က ကာဖျူးထုတ်ထားတဲ့အတွက် ကာဖျူးချိန်ကျော်ပြီး ဆန္ဒပြတာနဲ့ ပတ်သတ်ပြီးတော့ အနည်းငယ် ရှင်းပြလိုပါတယ်။တကယ်တော့ ဒီဖြစ်စဉ်က ဆန္ဒပြတာ မဟုတ်ပါဘူး။ မိတ္ထီလာမြို့ခံတွေအနေနဲ့ သူ့ရဲ့အစီရင်ခံစာ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ပေးအပ်လိုတဲ့ အိတ်ဖွင့်ပေးစာကို ကိုယ်ထိလက်ရောက် ပေးနိုင်ရန်အတွင် ဒေသန္တရ အာဏာပိုင်များထံ ခွင့်တောင်းထားခြင်း ဖြစ်ပါတယ်။ ပုဒ်မ ၁၄၄ဆိုတာကလည်း ဒေသန္တရ အမိန့်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက ပေးနိုင်တယ်ဆိုပြီး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူလာတဲ့အချိန်ထိ စောင့်ပြီး ပေးနိုင်ခြင်းဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူဟာ မိတ္ထီလာမြို့ ပေါ်က အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ တွေ့ရန်သက်သက်လာခဲ့ခြင်းဖြစ်ပါတယ်။ လားရှိုးမှာလည်း ဒီလိုပဲ တွေ့ခဲ့တယ်။ စစ်တွေမှာတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ အဂါ၇၀ ဆန်တဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တာကို အားလုံးလည်း သိပြီး ဖြစ်တဲ့အတွက် တချို့အဖွဲ့အစည်းတွေက သူ့ကို သတင်းအမှားပေးလိုက်ဟန် တူပါတယ်။ ဒါကြောင့် လူတွေမရှိမယ့်အချိန်မှာ သူခိုးကျင့် သူခိုးကြံပြီး ၀င်လာခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ကန့်ကွက်တဲ့ တီရှပ်တွေ ၀တ်တယ်ဆိုတာကလည်း လူငယ်တွေ ၀တ်နေကြတာ သူမလာခင်ကတည်းပါ။ အရှေ့မှာ သမ္မတကြီး ပုံကို အမှန်ခြစ်ပြီး အနောက်မှာ သူ့ဓာတ်ပုံကို အမှားခြစ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။တကယ်ဆိုရင် မိတ္ထီလာမြို့ပေါ်မှာ အခြေအနေ တည်ငြိမ်စ ပြုနေပါပြီ.......မီးမလောင်တဲ့နေရာတွေမှာဆိုလည်း နှစ်ဖက်ဘာသာဝင်တွေ အကြား သာမန်အတိုင်းပဲ ပြန်လည်နေထိုင်ပါပြီ........အခုသူပြောတဲ့မှတ်ချက်တွေက သူ့ဘက်က တစ်ဖက်သတ် ချသွားတဲ့ မှတ်ချက်တွေလိုပဲ ဆိုပါရစေ။
The Street View

No comments:

Post a Comment