Thursday, August 15, 2013

"ချောင်းဦး လျှပ်စစ်လိုင်း လိုင်းဖော့ဖြစ်ခဲ့ပါက မုံရွာ နန္ဒ၀န်ခွဲရုံမှ ဖြန့်ဝေနေ သော ဓာတ်အားလိုင်းများပါ ပြတ်တောက်ခြင်းသည် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ၏ စီမံခန့်ခွဲမှု ဦးနှောက်မရှိ၍ ဟုဆို" ThanLarWaddy Times

မုံရွာမြို့ နန္ဒ၀န်ဓာတ်အားခွဲရုံမှ မုံရွာမြို့ပေါ်ရှိ သလ္လာမြို့သစ် ၊တိုင်းအဆင့်ဌာ
နဆိုင်ရာ ၊အရာတော် နှင့် စီပွားရေးတက္ကသိုလ် တို့ကို ဓာတ်အားဖြန့်ဖြူးခြင်း
ကို ဆောင်ရွက်လျှက်ရှိနေကြောင်း လျှပ်စစ်ဌာန၀န်ထမ်းတစ်ဦးက သလ္လာဝတီတိုင်းမ်ကိုအတည်ပြုကြားခဲ့ပါတယ်။
"လျှပ်စစ်မီးပျက်သွားရင် 071-21501 ကိုဖုန်းဆက်ပြီးမေးတယ်။အဲဒီင်္ကို မေးလို့ရှိရင် 071-24927 ကိုဖုန်းကိုဆက်ပါလို့ပြန်ပြောပါတယ်။အဲဒီကို ဖုန်းဆက်မေးမြန်းရင် ဟုတ်ကဲ့ ချောင်းဦး လိုင်းဖော့ဖြစ်နေလို့ပါ ချောင်းဦး ကအဖွဲ့ မဂ္ဂါရိုက်နေပါတယ် သူတို့ဘက်က လိုင်းပြန်ဆက်ပြီးပြီလို့ အကြောင်းပြန်ရင် မီးပြန်ရမှာပါလို့ဖြေတယ်ဗျာ။
တစ်ကယ်တော့ ချောင်းဦးမှာ လိုင်းဖော့ဖြစ်တယ်ဘဲထားပါတော့ မုံရွာကို ချောင်းဦးပြန်ကောင်းမှ ရမယ်ဆိုတာက စကားကိုလွယ်လွယ်ပြောတာပါ။
ချောင်းဦး နဲ့ မုံရွာ ဘာဆိုင်လဲ။ဒီလိုင်းထဲကနေပြီး ဖြတ်သွားတယ်ဘဲထား ပါတော့ လမ်းခုလတ်တစ်နေရာမှာဘဲဖြစ်ဖြစ် လက်ရှိနန္ဒ၀န်ခွဲရုံမှာဘဲဖြစ်ဖြစ် လိုင်းကိုဖြတ်တောက်လို့ ရတဲ့ အရာတစ်ခုတပ်ရင်ရပါတယ်။ကျွန်တော်က တော့ သူတို့လျှပ်စစ်အခေါ်သိပ်မကျွမ်းဘူး ဒီအက်ဆိုလားဘာလားတော့ မသိဘူး အဲဒါမျိုးတပ်ထားရမယ်။ချောင်းဦးလိုင်းဖော့ဖြစ်ပြီးဆိုရင် မုံရွာကို ခဏဖြတ်လိုက် ကျွန်တော်ပြောတဲ့ ချောင်းဦး ဒီအက်ကိုခွာပြီ်း မုံရွာကိုပြန် ပေး အဲဒီလိုလုပ်သင့်တယ်။
အခုတော့ ဗျာ ချောင်းဦး လိုင်းဖော့ဆိုတာနဲ့ လက်ရှိ နန္ဒ၀န်ခွဲရုံကပေးနေတဲ့ လိုင်းတွေအကုန်ဖြတ်ခံနေရတယ်။တစ်ကယ်လို့များ ချောင်းဦးလိုင်းဖော့ က(၅)ရက်လောက်များရှာမတွေ့ရင် မုံရွာ နန္ဒ၀န်ခွဲရုံကပေးနေတဲ့လိုင်း တွေအကုန်(၅)ရက် မီးပျက်နေရတော့မယ့် ပုံစံဖြစ်နေတာ က တော့ သိပ် ပြီးတော့ သဘာဝမကျလှပါဘူး။
ရှင်းရှင်းပြောရရင် ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးလျှပ်စစ်ဝန်ကြီး ကျော်ဝင်း ရဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ဦးနှောက်အားနည်းတာအဓိကဖြစ်နေ လိမ့်မယ် ဦးနှောက်မရှိဘူးလို့ပြောရင်တောင်ရတယ်။သူကျွမ်းကျင်တာတစ် ခုတော့ရှိတယ် သူ့သားနဲ့ သူ့တူတွေထောင်ထားတဲ့ DUAL POWER ကုမ္ပဏီကထုတ်တဲ့ ကွန်ကရစ်မီးတိုင်တွေ ဘယ်လိုရောင်းထွက်အောင် ရောင်းရမယ်ဆိုတာတော့ ကျွမ်းကျင်မှာပါလို့" သလ္လာမြို့သစ်ရပ်ကွက် ဗန္ဓုလလမ်းနေ ဘော်ဒါဆောင်ပိုင်ရှင် တစ်ဦးလည်းဖြစ်မုံရွာတက္ကသိုလ် မှာ ၀န်ထမ်းဦးလည်း ဖြစ်သူက ဆိုပါတယ်။

No comments:

Post a Comment