Monday, August 19, 2013

အလောင်းမင်း တရားကြီး၏ ရွှေစာချွန်လွှာကို ဂျာမနီနိုင်ငံမှ ပြန်လွှဲ ပေးတော့မည် Today Myanmar



ဂျာမနီနိုင်ငံဟန်နိုဗာမြို့ရှိ Leibniz စာကြည့်တိုက်တွင် နှစ်ပေါင်း ၂၅ဝ ခန့်ထိန်းသိမ်းထားသော အလောင်း မင်းတရားကြီး၏ ရွှေစာချွန်လွှာအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် လုပ်ဆောင်နေပြီး နေပြည် တော်ရှိ ဆောက်လုပ်ဆဲ အမျိုးသားပြတိုက်ဖွင့်ပွဲ အမီလွှဲပြောင်းပေးနိုင်လိမ့်မည်ဟု ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ကော်နယ်လီယာ ပိုက်ပါက ပြောသည်။

''ဒီရွှေပေလွှာကို ပြန်လည်လွှဲ ပြောင်းပေးဖို့ ကျွန်မတို့ လုပ်နိုင်တာ အကုန်လုံးလုပ်ပြီးသွားပြီ'' ဟု အထက် ပါ ဝန်ကြီးက ဆိုသည်။

ကုန်းဘောင်မင်းဆက် တည် ထောင်သူ အလောင်းမင်းတရားကြီး ဦး အောင်ဇေယျက ၁၇၅၆ ခုနှစ်တွင် ဗြိ တိန်အင်ပါယာပြည့်ရှင် ဒုတိယမြောက် ဂျော့ခ်ျဘုရင်ထံသို့ ပုသိမ်မြို့တွင် ဆိပ်ကမ်း ဖွင့်ခွင့်ပြုမည့် အကြောင်း ရွှေသား အတိပြီးသော စာချွန်တော် ပေးပို့ခဲ့သည်။ အဆိုပါ ရွှေစာချွန်လွှာအား ဂျော့ခ်ျ ဘုရင်က ၄င်း၏ မွေးရပ်ဇာတိ ဖြစ်သော ဟန်နိုဗာမြို့Leibniz စာကြည့်တိုက်သို့ ပေးပို့၍ သိမ်းဆည်းထားစေ ခဲ့သည် ဟု သိရသည်။

သို့ရာတွင် မူရင်းရွှေစာချွန်လွှာကို ပြန်လည်လွှဲအပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သည် ဟန်နိုဗာပြည်နယ် အစိုးရနှင့် စာကြည့်တိုက်၏ သဘောထားအပေါ်တွင် မူတည်သည်ဟု ကော်နယ်လီယာ ပိုက်ပါက ဆိုသည်။''မူရင်းကို ပြန်ပေးနိုင်၊ မပေးနိုင်ကတော့ ကျွန်မတို့ ပြည်ထောင်စု အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မရှိပါဘူး'' ဟု

Read more => http://www.todaymyanmar.net/2013/08/blog-post_4242.html

No comments:

Post a Comment