Thursday, August 15, 2013

ပြည်ပပို့ ရေထွက်ကုန် မက်ထရစ်တန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ပြီး နယ်စပ်ကုန်သွယ် တင်ပို့မှုမှ တန်ချိန်အများဆုံးဖြစ် 15/8/2013


မြန်မာ့ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် ယခုဘဏ္ဍာနှစ် လေးလကျော်အတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ပြီး နယ်စပ်ကုန်သွယ် တင်ပို့မှုမှ တန်ချိန်အများဆုံး တင်ပို့ရရှိနေကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၊ FIQC ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ် တင်ပို့မှု အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ် လေးလကျော် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် ရရှိနေကာ ရေထွက်ကုန် မက်ထရစ်တန်ချိန် ၆၂၀၀၀ ကျော် တင်ပို့ထားနိုင်ကြောင်း သတင်းရရှိသည်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ် တင်ပို့မှု အနေဖြင့် ယခုဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၄၄၀ ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ်၏ လေးလကျော် ကာလအတွင်း ရေထွက်ကုန် တင်ပို့ပြီး၍ အမှန်ရရှိထားငွေမှာ အမေရိကန်ဒေါ်လာ သန်း ၉၀ သာ ရရှိထားပြီး ရေထွက်ကုန် တင်ပို့နိုင်မှုမှာလည်း မက်ထရစ်တန်ချိန် ၅၁၀၀၀ ကျော်သာ တင်ပို့နိုင်သေးကြောင်း ငါးလုပ်ငန်း ဦးစီးဌာန သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ် တင်ပို့မှုသည် ပုံမှန်ကုန်သွယ် တင်ပို့မှုထက် ရေထွက်ကုန် မက်ထရစ်တန်ချိန်ပေါင်း တစ်သောင်းကျော် တင်ပို့ထားနိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် ဘဏ္ဍာနှစ်၏ လေးလကျော် ကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တစ်သိန်းတစ်သောင်းကျော် တင်ပို့ထားနိုင်ပြီဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။ ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့ရာတွင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ် လေးလကျော် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment