Saturday, August 3, 2013

ဂျပန်မြှုပ်ခဲ့သည့် ရွှေတန်ချိန်လေးရာ ထိုင်းနယ်စပ်တွင်တွေ့ 1.8.2013

ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ တွင် ဂျပန်တို့မြှုပ်နှံထားခဲ့သည့် ရွှေတန်ချိန်လေးရာကို မြန်မာ-ထိုင်း နယ်စပ်တွင် တွေ့ရှိထားပြီဖြစ် ကြောင်း ဘူမိအငြိမ်းစားပညာ ရှင်ဦးစိုးသိန်းက ထုတ်ဖော်ပြော ကြားလိုက် သည်။ ယင်းတို့ကို တူးဖော် ရန်အ တွက် တွေ့ရှိသည့်နေရာအနေအထားနှင့် အချက်အလက်များ ကို နိုင်ငံတော်အစိုးရထံသို့တင်ပြ သွားမည်ဖြစ်ပြီး အစိုးရမှခွင့်ပြု ပါက နိုင်ငံတော်အစိုးရလမ်းညွှန် မှုနှင့်အတူ အဆိုပါရွှေတို့ကို နိုင်ငံ တော်၏ အကျိုးစီးပွားအတွက် တူး ဖော်နိုင် ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ဦးစိုးသိန်းက ''နိုင်ငံတော်အစိုးရ ကို ဒီရွှေတွေ ဘယ်နေရာမှာအတိ အကျရှိတယ်ဆိုတာကို ကျွန်တော် အသေးစိတ်ဂြိုလ်တုကနေ ရှာဖွေ ပြီးရင် အကြောင်းကြားသွားဖို့ရှိ တယ်။ ထိုင်း-မြန်မာနယ်စပ်အနီး တစ်ဝိုက် နေရာ မှာ ပါပဲ။ အခုလက် ရှိဆိုရင် ကျွန်တော်အနေနဲ့ ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူး ပေါင်းပြီး ဂျပန်တွေမြှုပ်ထားတဲ့ ရွှေသုံးတန်ကို တူးဖော်တော့မှာ ပါ''ဟုပြောသည်။

သတ္တုတွင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဂျပန်ခေတ် က ရွှေတွေမြှုပ်နှံထားတာတွေ ကိုသိပေမဲ့ ဘယ်နေရာဒေသတွေ မှာ မြှုပ်နှံထားလဲတော့မသိဘူး။ ကျွန်တော်တို့သတ္တုတွင်းဝန်ကြီး ဌာနအနေနဲ့ ညွှန်ကြားတာတွေ ရှိရင် လိုအပ်တဲ့ အကူအညီ တွေ ပေးသွားမှာပါ''ဟုပြောသည်။ ယခုတွေ့ရှိထားသောရွှေ များမှာ ဒုတိယကမ္ဘာစစ်အတွင်း က ဂျပန်တို့မြန်မာနိုင်ငံအတွင်း က တိမ်းရှောင်ထွက်ခွာသွားစဉ် က ယခုကဲ့သို့မြှုပ်နှံခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group

No comments:

Post a Comment