Saturday, August 3, 2013

ဖလမ်းတွင် ရွှေခြင်္သေ့ကားလိုင်းမှောက်

ယာဉ်မောင်းမှာ ဖလမ်းဆေးရုံတွင် အောက်ဆီဂျင်ဖြင့် ကုသမှုပေးလျက်ရှိသည်ဟု သိရသည်။ ဆေးရုံတွင် အရေးပေါ်ရောက်ရှိသူများထဲမှ အမျိုးသမီးတစ်ဦး ထပ်မံကွယ်လွန်သည်ဟု သိရသည်။

ဖြစ်ပွားပုံမှာ- ယခုတလော မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းများပျက်စီးကာ မြေပြိုလျက်ရှိပြီး၊ ကလေးမြို့မှ မောင်းနှင်လာသော ရွှေခြင်္သေ့ယာဉ်လိုင်းသည် ဆလိုင်းဆွန်ကျဲအိုအမှတ်တရနားနေဆောင်အနီး လမ်းကွေ့တစ်ခုတွင် လမ်းပြိုခြင်းကြောင့် လမ်းပေါ်တွင် ကျရောက်နေသော ကျောက်တုံးကျောက်ခဲများအား စပယ်ယာများမှ ဖယ်ရှားပေးသည်။

ထိုသို့ဖယ်ရှားပေးပြီး သတိရှိရှိဖြင့် ဖြေးဖြေးချင်းမှောင်းနှင်လာသော်လည်း ကားဘီးတစ်ဘက်သည် အင်မတန်မှပျော့သော မြေကို နင်းမိကာ တိမ်းမှောက်ရခြင်း ဖြစ်သည်ဟု သိရသည်။

ပွဲချင်းပြီး (၃) ဦးကွယ်လွန်ခဲ့ပြီး၊ ဆေးရုံတွင် တစ်ဦးထပ်မံသေဆုံးခြင်းကြောင့် (၄) ဦးကွယ်လွန်ပြီဖြစ်သည်။ ဖလမ်းခရိုင်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် (၇) ဦးမှာ ဆက်လက်ကုသမှု ခံယူလျက်ရှိသည်။

ယာဉ်ပေါ်တွင် ခရီးသည် (၂၃) ဦး၊ ယာဉ်မောင်း (၁) ဦး နှင့် ကားစပယ်ယာ (၂) ဦး စုစုပေါင်း (၂၆) ဦး ပါဝင်သည်။

No comments:

Post a Comment