Sunday, August 18, 2013

ကနေဒါမှာ ပလက်စတစ်ပုံး ထဲကနေ စပါးကြီး အကောင် ၄၀ တွေ့ BBC, Sunday, August 18, 2013


ကနေဒါနိုင်ငံက မိုတယ် အခန်းတခုမှာ ပလက်စတစ်ပုံးထဲကနေ စပါးကြီးမြွေ အကောင် ၄၀ ကို တွေ့ရှိရပါတယ်။

နိုင်ငံ တခြားဒေသဘက်မှာ စပါးကြီးမြွေတကောင်ကနေ ကလေးနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး နောက် ၂ ရက် အကြာမှာပဲ အခုလို စပါးကြီးမြွေ အများအပြားကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အွန်တာရီယို က ဘရန်တ်ဖို့ဒ် မြို့မှာ အခုလို မြွေတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအထဲက တချို့အကောင်တွေဟာ တမီတာကျော် ရှည်တယ်လို့ ရဲက ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဒီမြွေတွေကို တိရိစ္ဆာန်ငြင်းဆဲမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းသူတွေကနေ ယူသွားကြပါတယ်။

ပြီးခဲ့တဲ့အပတ်က စပါးကြီး မြွေကြီးတကောင်ဟာ သူ့ကို ထည့်ထားတဲ့ လှောင်အိမ်ထဲကနေ လွတ်လာပြီး အိပ်ခန်းထဲဝင်ကာ အသက် ၆ နှစ်နဲ့ ၄ နှစ်အရွယ် ညီအကို နှစ်ဦးကို ညှစ်သတ်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment