Sunday, August 18, 2013

ဘုရားဖူးယာဉ်နှင့် ခရီးသည်တင်ယာဉ်တိုက်မိ


သြဂုတ် ၁၆ ရက် နံနက် ၄ နာရီကျော်က မန္တလေး(၃၅)လမ်းနှင့် (၈၂)လမ်းထောင့်တွင် Lightruck ကားနှင့် Saloon ယာဉ်တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်တိုက်မှုမှာ မန္တလေးမြို့သို့ မြင်းခြံမြို့မှ ဘုရားဖူးများတင် ဆောင်လာသည့် ယာဉ်မောင်း သန့်စင်ဦး မောင်းနှင်လာသည့် Lightruck ယာဉ် ၈ဏ/---- တောင်မှမြောက်ဘက်အတိုင်း မောင်းနှင်လာသည့် ယာဉ်နှင့် ကိုတင်ဦးမောင်းနှင်လာသည့် မူဆယ်-မန္တလေး ရှမ်းတောင်တန်းခရီးသည် ပို့ဆောင်ရေးယာဉ် B/---- တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားကြရာ Saloon ယာဉ်မှာ ရှေ့ပိုင်းပျက်စီးသွားကြောင်း သိရသည်။ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။

တင်မောင်(မန္တလေး)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment