Monday, August 19, 2013

ဒီတစ်လသားလေး ကတော့တကယ်ကို ကံဆိုးရှာသူလေးပါ


မိခင်ဖြစ်ဖြစ်သူ

မချိုပြုံးသူ့ကို မွေးဖွားစဉ်က မွေးရာပါစအို

ကြီးနေတာကြောင့် အရပ်လက်သည်က

မမွေးဖွားရဲတော့တာကြောင့် ကလေး

ကိုယ်တပိုင်းထွက်တန်းလန်းနဲ့ ရွာငံဆေး

ရုံကို ထော်လာဂျီနဲ့ ပြေးရတာပါ။ရွာငံဆေ

ရုံမှာ မွေးဖွားပြီးပေမယ့် မွေးရာပါစအိုကြီး

တာက ပိုဆိုးရွှားလာတာကြောင့် ရွှာက

လူတွေ စုဆောင်းပေးလိုက်တဲ့ငွေလေးနဲ့

မန္တလေးဆေးရုံကိုလာတက်ကြတာပါ။

ကလေးဟာခွဲစိတ်ဖို့လိုပြီး မိဘတွေက

ငွေကြေးမတတ်နိုင်တာကြောင့် အခက်

အခဲဖြစ်နေရပါတယ်။ မိဘတွေကတော့

အဖေ ကိုအောင်ဆန်းဝင်း အမေ မချိုပြုံး

ပအိုဝ်တိုင်းရင်းသားတွေပါ။ နေတာက

တော့ ရွှာငံမြို့နယ် လက်ပံပင်ကျေးရွှာ

ဖြစ်ပါတယ်။ ကလေးက မန္တလေး ကုတင်

၅၅၀ဆန့် ကလေးဆေးရုံသစ် ခွဲစိတ်ရုံ

( ၂ )မှာပါ။ One To One စုပေါင်းကူညီ

ရေးအနေနဲ့ မနက်ဖြန်သွားရောက်ကူညီ

ဖို့ ရှိပါတယ်။ သဒ္ဒါတရားထက်သန်တဲ့

မန်းလေးသူ/သားများသွားရောက်ကူညီ

ပေးနိုင်ဖို့တင်ပြလိုက်ရပါတယ်။ိ

No comments:

Post a Comment