Monday, August 19, 2013

ခရိုနီ စိတ်ဓာတ် SKY NET ပြပြီ MyanmarTodayNews


ခရိုနီ နှစ်မျိုးရှိလေသည်။

၁။ ကိုယ့်အကျိုးသာမက ပြည်သူ့ အကျိုးလည်း ပြုသည့် ခရိုနီ

၂။ ကိုယ့်အကျိုး တစ်ခုတည်း ကြည့်ပြီး ပြည်သူ့ သွေးစုပ်သည့် ခရိုနီ

နံပါတ် (၁) ခရိုနီကတော့ ပြည်သူ့ အကျိုးကိုလည်း အလေးထားသည်။ ဥပမာ ပြရလျှင် အန်ကယ် ဦးဇော်ဇော်။

ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊ ဧရာဝတီ ဖောင်ဒေးရှင်း တည်ထောင်သူ၊ မလေးရှားမှ ဒုက္ခရောက်နေသည့် လုပ်သားများ ပြန်လာနိုင်ရေးအတွက် သူကူညီခဲ့သည်။ ဆင်းရဲနွမ်းပါး အခက်အခဲရှိသူများအား တတ်နိုင်သမျှ ထောက်ပံ့ပေးသည်။ ဧရာဝတီ ဖောင်ဒေးရှင်းအတွက် များစွာ ဂုဏ်ယူမိသည်။

နံပါတ် (၂) ခရိုနီကတော့ ကိုယ့်အကျိုး တစ်ခုတည်းသာ ကြည့်ပြီး လူထုသွေးစုတ်မည့် ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုသည့် SKY NET။ ပရီးမီးယားလိဂ်ကို Exclusive Right ရပြီ ဆိုသည်နှင့် ခရိုနီစိတ်ဓာတ် စပြပါပြီ။

Package 3 ခု ခွဲထုတ်လိုက်သည်။
မစုံမလင် အဖြစ်သာပါသည့် SN-1
အသင်းငယ်လေးများ ကန်သည့်ပွဲသာ ကြည့်ရမည့် SN-2
ဈေးကြီးကြီးနှင့် အဆမတန် လောဘထန်တဲ့ SN-3
ဘောလုံးပွဲစဉ်ဇယား ကြည့်လိုက်တော့ ပရီးမီးယား ဘောလုံးပွဲကြီးများကို Sports 6 တွင်သာ အဓိက ပြပါတော့မည်။ ပွဲငယ်လေးများသာ SN-2 တွင်ပြတော့မည်။ သူတစ်ဦးတည်း မောင်ပိုင်စီးပြီး ဖြစ်ချင်ရာဖြစ် ရမ်းပြတော့မည်။

မြန်မာပြည်သူတွေရဲ့ တစ်ဦးချင်း ဝင်ငွေကို မကြည့်၊ ကိုယ်ကျိုး အတွက်သာ ကြည့်တော့သည်။ SN-2 ယူရင် Norwich vs Everton, Stoke City vs Crystal Palace, Cardiff vs Everton ပွဲသာ ကြည့်ပေတော့၊ ပွဲကြီး မှန်သမျှ Sports 6 တွင်သာ ပြတော့မည်။

ရှေးအစဉ်အဆက် ကြည့်ခဲ့ရသည့် ပရီးမီးယား၊ သူယူလိုက်မှ မြန်မာပြည်သူတွေမှာ ဘောလုံးပွဲ မကြည့်ရတော့။
မြန်မာနိုင်ငံတွင် Customer Rights ဟူသည်မရှိတော့။ ငါနှင့် ငါ့မိသားစု ကောင်းစားမှုသာ ရှိတော့သည်။ မျှမျှတတ စဉ်းစားကြည့်မည်ဆိုလျှင် Sports လိုင်း ၆ ခုတွင် ပွဲကြီး ပွဲငယ် မျှတစွာ ပါဝင်သင့်သည်။ အခုတော့ ချိန်ခွင်လျှာက တစ်ဖက်စောင်းနင်း။ Sky Net လုပ်ချက်က ဈေးသည်က အဆမတန် အလေးခိုးသည့် ပုံစံနှင့် ခပ်ဆင်ဆင်။ လက်နက်ပုန်းသုံးသည့် သိုင်းသမား နှင့် ဆင်တူနေသည်။ အောက်တန်းကျလွန်းသည်။

မြန်မာပြည်သူတွေ ၃ နှစ်တော့ အေးဓားပြ တိုက်ခံရပေဦးမည်။
ပြီးခဲ့သည့်နှစ် Forever Group က လွှင့်ခဲ့ချိန်တွင် ပွဲမျိုးစုံကို မျှမျှတတ ကြည့်ရသေးသည်။ Free to Air ပင် လွှင့်ခဲ့သေးသည်။

မန်ယူ၊ မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူး၊ စပါး ပွဲမျိုးစုံပင်။ ဈေးနှုန်းမှာလည်း အများ တတ်နိုင်သည့်ဈေး ၄,၈၅၀ ကျပ်။
အခုတော့ ပွဲကြီးကြည့်လိုလျှင် ၁၆,၀၀၀ ကျပ်။ သို့သော် ၁ လ ချင်းသွင်းလျှင် ၁၉,၈၀၀ ကျပ်၊ ၁ နှစ်လျှင် ၂၃၇,၆၀၀ ကျပ်။ ကမ္ဘာပေါ်တွင် မရှိသေးသည့် ဈေးနှုန်း။ ချစ်ခင်လေးစားအပ်ပါသော မိဘ ပြည်သူ ညီအစ်ကို မောင်နှမများဟု အသံကောင်း ဟစ်နေမည့်အစား သင့်တင့် မျှတသော ဈေးနှုန်းနှင့် ဝန်ဆောင်မှု ပေးသင့်သည်။

အခုတော့ SN-3 ကို မယူမနေရ လုပ်လိုက်ပေပြီ။
ပြိုင်ဘက် မရှိသေးသည့် အချိန်တွင်သာ ငမိုက်သား Sky Net ခရိုနီတို့ မောက်မာ ထောင်လွှား နိုင်ပေမည်။

မိုဘိုင်းဖုန်းကဲ့သို့ နိုင်ငံတော်မှ ရုပ်သံလွှင့်ခွင့် လိုင်စင်များ ချပေးခဲ့လျှင် မြောင်းထဲ ရောက်သွားမည်မှာ မလွဲအမှန် ဧကန်ပင်။

ခရိုနီစိတ်ဓာတ် (Monopoly ဝါဒ) SKY NET ပြလေပြီ။

ပြည်သူတစ်ဦး

No comments:

Post a Comment