Saturday, August 17, 2013

ကျမ်းမြတ်ကိုရ်အာန် ရွတ်ဖတ်သူ ခေါင်းဆောင် အာမက် မိုဟာမက် အဲလ်ခါလ်လီက အမျိုးသမီး သုံးဦးအား မဖွယ်မရာ ကိုင်တွယ်ခဲ့ကြောင်း ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြောက်ပိုင်း တရားရုံးတွင် ဝင်ခံပြီ


မဖွယ်မရာပြုမှု ကျူးလွန်ခြင်း ခံရသူများ၏ ထွက်ဆိုချက်အရ အဲလ်ခါလ်လီမှ စ၍ အီဂျစ်မှ အလည်လာသူ တစ်ဦးဟု သူ့ကိုယ်သူ မိတ်ဆက်ကြောင်း၊ ထို့နောက် လက်ဆွဲနှုတ်ဆက်ချင် ယောင်ဆောင်ပြီး လက်များကို နမ်းကြောင်း။ ပါးစပ်မှလည်း မင်းကို သဘောကြတယ်ဟု ပြောကြောင်း၊ ထိုနောက် လက်ကို ပြန်မလွှတ်ပဲ သူမအား မဖွယ်မရာ ကိုင်တွယ်ကြောင်း သိရသည်။ ၅၇-အရွယ် အမျိုးသမီးကမူ သူမအား အဲလ်ခါလ်လီက (လက်တွန်းလှည်းပေါ်မှ) သူမ၏ မြေးယောင်္ကျားလေးအား ဓာတ်ပုံ ရိုက်ချင်သည်ဟု ပြောကြောင်း။ သူမက ငြင်းဆို၍ ထွက်သွားရန် လုပ်နေချိန်တွင် သူမ၏လက်ကို ဖမ်းဆွဲ၍ မင်းကို ငါချစ်တယ်ဟုပြော၍ နမ်းကြောင်း။ လက်ကို မလွှတ်ပဲ သူမ၏ ရင်သားကို ကိုင်၍ ညစ်ခဲ့ကြောင်း ထွက်ဆို တိုင်တန်းထားသည်။

ကျမ်းမြတ်ကိုရ်အာန် ရွတ်ဖတ်သူ ခေါင်းဆောင် အဲလ်ခါလ်လီက အပြစ်ရှိကြောင်းကို သူ၏ ရှေ့နေဖြစ်သူ 'ရစ် မစ်တရီ' မှ တစ်ဆင့် ဆစ်ဒနီမြောက်ပိုင်း တရားရုံးတွင် ယနေ့မနက်ပိုင်းက ဝန်ခံခဲ့သည်။ ရှေ့နေမှ သူ၏ အမှုသည်မှာ အီဂျစ်သို့ ပြန်ရန် စီစဉ်ထားသည့် အတွက် အမြန် အမိန့်ချပေးရန် တောင်းဆို ခဲ့သော်လည်း တရားသူကြီးမှ မှုခင်းအစီရင်ခံစာအား စစ်ဆေးသုံးသပ်ရဦးမည် ဖြစ်သောကြောင့် တောင်းဆိုချက်အား ငြင်းပယ်ခဲ့သည်။

ထိုသို့ အပြစ်ရှိကြောင်း တရားရုံး၌ဝင်ခံခဲ့သော်လည်း သူ အမှားမလုပ်ခဲ့ကြောင်း ယဉ်ကျေးမှုကွာဟချက် အပြင် သူ၏ လက်၂-ဖက်မှာ အင်္ဂလိပ်လို မပြောတတ်သောကြောင့် သူ့အား အထင်အမြင်လွဲကြ ခြင်းသာဖြစ်ကြောင်းကို အဲလ်ခါလ်လီက သူ ကျမ်းမြတ် ကိုရ်အာန် ရွတ်ဖတ်ရာ ဒီးဝိုင်းဗလီမှ ပြောရေးဆိုခွင့် ရှိသူနှင့် သူ၏ စကားပြန် ဖြစ်သူ အူဆာမာ အဲလ်လမူဒီမှ တဆင့် ဖဲယားဖက်စ် သတင်းဌာနအား ပြောကြားခဲ့သည်။

အူဆာမာ အဲလ်လမူဒီမှလည်း သူကိုယ်တိုင် အင်ဒိုနီးရှားမှလာသူဖြစ်သဖြင့် အင်ဒိုနီးရှားတွင်လည်း ကလေးများကို (ချစ်စနိုးဖြင့်) အလွန်အကျွံ ပွေ့ဖက်ခြင်းများ ရှိကြောင်း၊ ဩစတြေးလျရောက်သည့် အခါမှ ထိုလုပ်ရပ်မျိုးသည် လူမှုရေး စည်းကျော်ခြင်း မဖွယ်မရာပြုခြင်းဟု နားလည်လာကြောင်း ပြောကြားခဲ့သည်။

သူ၏ရှေ့နေဖြစ်သူ ရစ်မစ်တရီက အဲလ်ခါလ်လီ အနေဖြင့် စီစဉ်ထားသည့် ရက်တွင် မပြန်ပါက လေယာဉ်လက်မှတ် ဆုံးမည် ဖြစ်သောကြောင့် အီဂျစ်သို့ ပြန်ရမည် ဖြစ်သည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ကျမ်းမြတ်ကိုရ်အာန် ရွတ်ဖတ်သူခေါင်းဆောင် အဲလ်ခါလ်လီသည် လာမည့် စက်တင်ဘာလ ၁၆ရက်နေ့တွင် အမိန့်ကြားနာရန် ဆစ်ဒနီ မြောက်ပိုင်း တရားရုံးသို့ လာရမည် ဖြစ်သည်။

မူရင်းသတင်းလင့်ခ် -> http://www.smh.com.au/nsw/prayer-leader-pleads-guilty-to-groping-girls-grandmother-in-dee-why-20130805-2r92g.html

ရာဇာဓိ ရာဇာ

Share Arakan News

No comments:

Post a Comment