Tuesday, August 13, 2013

နေကို လှည့်ပတ်နေသော ပန်းရောင် ဂြိုဟ်ကြီး တစ်လုံး တွေ့ရှိ

အလင်းနှစ် ၅၇ အကွာအဝေးတွင် ဂျူပီတာ (ကြာသပတေး) ဂြိုဟ်ကြီး ထက် လေးဆ ပိုကြီးမားသည့် ပန်းရောင် ဂြိုဟ်ကြီး တစ်လုံးသည် နေကို ကြယ် တစ်လုံးကဲ့သို့ လှည့်ပတ်နေသည်ကို တွေ့ရှိခဲ့ ရကြောင်း ယင်းကို သာမန် မျက်စိနှင့်လည်း တွေ့မြင်နိုင်ကြောင်း NASA သိပ္ပံပညာရှင် မိုက်ကယ် မက်အယ်လ်ဝိန်းက ပြောကြားသည်။

ချယ်ရီပန်းရောင် ကဲ့သို့သော ဂြိုဟ်ကြီး တစ်လုံးသည် ကမ္ဘာမှ နေသို့ အကွာအဝေး 43.5 AU မှ တစ်ဆင့် နေကို လှည့်ပတ်နေခြင်း ဖြစ်ကြောင်း ယခု တွေ့ရှိရသည့် ဂြိုဟ်သည် နုနယ်သည့် အဆင့်တွင် ရှိကာ ဂြိုဟ်က ထွက်ရှိလာသည့် ဓာတ်ငွေ့များကြောင့် ယခုကဲ့သို့ ပန်းရောင် သန်းနေခြင်း ဖြစ်ကြောင်း ယင်းဂြိုဟ်ကြီး၏ အပူချိန်မှာ 460 degree ဖာရင်ဟိုက်အထိ ရှိနိုင်ကြောင်း NASA က ထုတ်ပြန် ကြေညာခဲ့သည်။

No comments:

Post a Comment