Monday, August 19, 2013

ဗိုလ်ချုပ်အောင်ဆန်းရဲ့သူငယ်ချင်း ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့တပည့် ငြိမ်းချမ်းရေး ကဗျာဆရာကြီး၊ စာရေးဆရာကြီး ဆရာဒဂုန်တာရာကွယ်လွန်ရှာပြီ ။ The First Media Group


2013 ခုနှစ် နှစ်ဝက်ကာလအထူးသဖြင့် (သြဂုတ်လ) ဟာ ရှစ်လေးလုံးအရေးတော်ပုံ 25 နှစ်ပြည့်ကာလမှာ မြန်မာနိုင်ငံက ထင်ရှားတဲ့စာရေးဆရာ၊ ကဗျာဆရာတွေ၊ အနုပညာရှင်တွေ ကွယ်လွန်မှုအများဆုံးနှစ်လို့ဆိုရမှာဖြစ်ပါတယ်။ ဆရာမင်းလူ၊ ဆရာမောင်ဝံသ၊ တေးရေးနေထွန်းဦး၊ အဆိုတော်မျိုးမြင့်လေး၊ စတဲ့ အနုပညာရှင်တွေဟာ သြဂုတ်လ ယခုလထဲမှာပဲ ကွယ်လွန်ခဲ့ကြပါတယ်။
အောင်ဆန်း (သို့) အရိုင်းလို့ မှတ်ချက်ပေးရေးသားခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သူငယ်ချင်း ၊ပြည်တွင်းငြိမ်းချမ်းရေးကို ငါမသေခင်မြင်သွားပါရစေဆိုပြီး မြင်ခွင့်ရမသွားတဲ့ ငြိမ်းချမ်းရေး ဗိသုကာကြီး သခင်ကိုယ်တော်မှိုင်းရဲ့တပည့် ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်မယ်ဆိုတဲ့ အယူအဆကို ဘ၀တစ်လျှောက်လုံးဆုပ်ကိုင် ရပ်တည်ရင်း ပြည်သူလူထုဘက် ငြိမ်းချမ်းရေးဘက်မှ စာရေးဆရာ၊ ကဗျာ ဆရာကြီး ဒဂုန်တာရာ အသက် 95 နှစ်ဟာ ဒီကနေ့ နေ့လည် 1 နာရီ မိနစ် 15 အချိန်မှာ အောင်ပန်းမြို့မှာပဲ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခဲ့ခြင်းအား စာပေလောက နေတစ်ဆူ၊ လတစ်ဆူပျောက်ဆုံးခြင်းအဖြစ် မှတ်ယူကာ ၀မ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

No comments:

Post a Comment